Saturday, January 31, 2009

မရှိခဲ့ဘူးသောတိုင်းရင်းသား(သို့မဟုတ်) ရိုဟင်ဂျာအမည်ခံဘင်္ဂါလီလူမျိုးများ

ယခုတလော Internet သတင်းစာမျက်နှာများမှာ ထိုင်းနိုင်ငံကဘင်္ဂါလီလူမျိုးများကို ပင်လယ်အတွင်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီးနောက် ဖြစ်ပေါ်လာနေတဲ့ ရိုဟင်ဂျာဆိုတဲ့သတင်းများကို ဖတ်နေရပါတယ်။ ထိုင်းနိုင်ငံက ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီလူမျိုးများဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အလုပ်အကိုင်ရှာဖွေဖို့ရည်မှန်းချက် အသီးသီးနဲ့ ထွက်လာခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားများသာဖြစ်မယ်ထင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများက သူတို့နိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှုကြောင့် အိမ်နီးချင်း မြန်မာ၊ ထိုင်းနဲ့ မလေးရှားတို့ကို ရေကြောင်း၊ ကုန်းကြောင်းကနေ အစုအပြုံအလိုက် ခိုးဝင်လေ့ရှိတာ တကယ်တော့မဆန်းပါဘူး။ ယခုကျမှ ထိုင်းတွေကဖမ်းမိတဲ့ ဘင်္ဂါလီလူမျိုးတွေကို ဥပဒေမဲ့လုပ်မိရာမှ နိုင်ငံတကာကအာရုံစိုက်မိပြီး သူတို့ကျူးလွန်ခဲ့တဲ့ လူသားခြင်းစာနာထောက်ထားမှုကင်းမဲ့တဲ့လုပ်ရပ်ကို အာရုံပြောင်းဖို့အတွက် ရိုဟင်ဂျာ ကိစ္စကိုဖော်ထုတ်လာခြင်းဖြစ်ပါတယ်။


ရိုဟင်ဂျာလူမျိုးရှိတယ်/မရှိဘူး ဆိုတဲ့ပြဿနာဟာအခုမှဖြစ်တာမဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ သမိုင်း အထောက်အထားစုံစုံလင်လင်နဲ့မကြာခဏ ရှင်းနေရတဲ့ကိစ္စပါ။ ကမ္ဘာ့သမိုင်းပညာရှင်ကြီးများ၊ မြန်မာသမိုင်း ပြုစုရေးသုတေသီများရဲ့ခေတ်အဆက်ဆက် လေ့လာတွေ့ရှိချက်တွေ၊ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုသမိုင်း ကြောင်းတွေ၊ ရခိုင်လူမျိုးရဲ့မျိုးရိုးဗီဇဇာစ်မြစ်တွေကအစ သုတေသနပြုချက်တွေအဆုံးအားလုံးမှာ ရိုဟင်ဂျာ ဆိုတာမရှိခဲ့ပါဘူး၊ သမိုင်းပညာရှင်ကြီးများရဲ့ သုတေသနပြုချက်နဲ့မှတ်တမ်းများအရ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးကို တရားဝင်ထုတ်ပြန်ထားရှိပါတယ်။ ဒီ (၁၃၅) မျိုးသော လူမျိုးစုမှာ ရခိုင်ပြည်မှာရှိတဲ့လူမျိုးစု (၇) မျိုးသာရှိပြီး ရိုဟင်ဂျာဆိုတာလုံးဝမရှိခဲ့ပါဘူး။ ရခိုင်ရာဇ၀င်သမိုင်းမှာလည်း ဘာအထောက်အထားမှမရှိခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့ ဟိုယခင် အင်္ဂလိပ်အုပ်စိုးစဉ်ကာလက တစ်ဖက်နိုင်ငံကနေ မြန်မာနိုင်ငံအတွင်းကို လယ်သမားအငှား လာလုပ်ကြတဲ့ ဘင်္ဂါလီလူမျိုးများက သူတို့အတည်တကျနေထိုင်နိုင်ရေးအတွက် သူတို့ ကိုယ်သူတို့ ရိုဟင်ဂျာလို့ သတ်မှတ်ခေါ်ဝေါ် သုံးစွဲခဲ့ခြင်းဘဲဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုများအားလုံး မျိုးရိုးဗီဇနီးစပ်ပြီး ကြည့်လိုက်တာနဲ့ပုံပန်းသဏ္ဍာန်တူညီကြပါတယ်။ ယခုရိုဟင်ဂျာအမည်ခံ သူတွေကတော့ ပြောတဲ့စကား၊ ဓလေ့စရိုက်၊ စာပေအသုံးအနှုန်း၊ မူရင်းဒေသတွေအရ ဘင်္ဂါလီလူမျိုးသာ ဖြစ်ကြောင်းထင်ရှားပါတယ်။


အမှန်စင်စစ်ဒီပြဿနာဖြစ်ရခြင်းရဲ့အဓိကအချက်မဟုတ်ပေမဲ့ ထူးခြားချက်တစ်ခုကတော့ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ ပထ၀ီနိုင်ငံရေးအခြေအနေပါပဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဧရိယာအကျယ်အ၀န်း (၅၅၅၉၉ စတုရန်းမိုင်) ရှိပြီး လူဦးရေ (၁၅၀.၅)သန်း၊ မြန်မာနိုင်ငံကတော့ ဧရိယာ(၁၃၀ယ၅၅၈ စတုရန်းမိုင်)ရှိပြီး လူဦးရေ (၅၅.၃)သန်းရှိပါတယ်။ အမှတ်တမဲ့ဖြစ်နေပေမယ့် သတိပြုရမယ့်အချက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံထက် နိုင်ငံဧရိယာ၂ ဆခွဲခန့်သေးငယ်ပြီး လူဦးရေ ၃ ဆခန့်များနေပါတယ်။ ရှင်းရှင်းလေးပါပဲ။ လူဦးရေကတိုးပွား၊ နိုင်ငံကဆင်းရဲ၊ နည်းမြေက ကျဉ်းမြောင်း၊ အလုပ်အကိုင်ကရှား၊ သဘာဝဘေးဒဏ်ကလည်းခံရတော့ အစဉ်အလာအရ ဘင်္ဂါလီလူမျိုးများဟာ နည်းမျိုးစုံနှင့်ရေကြည်ရာ မျက်နုရာကို ထွက်ခွာလေ့ရှိတာ နိုင်ငံတကာက သိရှိကြပါတယ်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လူဦးရေ တိုးပွားနေမှုဟာ သူ့နိုင်ငံရဲ့ အကျယ်အ၀န်းနဲ့မကာမိရင် နီးစပ်ရာနိုင်ငံတွေကို ပြန့်ကားရောက်ရှိ မှာဘဲဖြစ်ပါတယ်။ ဒီလိုပြန့်ကားရောက်ရှိသွားတဲ့ ဘင်္ဂါလီလူမျိုးများဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အိမ်နီးချင်းနိုင်ငံများအနက် မြန်မာကလွဲရင် ကျန်အိမ်နီးချင်းနိုင်ငံများနဲ့ လူမျိုးရေးအရ ပုံပန်းသဏ္ဍာန်၊ မျိုးရိုးဗီဇ နီးစပ်မှုရှိ နေလို့မသိသာပေမယ့် မြန်မာလူမျိုးနဲ့တော့ သိသာစွာကွဲပြား လျက်ရှိပါတယ်။ ဒါ့ကြောင့်ဘင်္ဂါလီဘိုးဘိုး၊ ဘွားဘွားတွေ့က သူတို့ ကိုယ်သူတို့ ရိုဟင်ဂျာဆိုတဲ့ အမည်တပ်ပြီး နယ်မြေတောင်းလာတဲ့ သဘောပါပဲ။ ဒီနေရာမှာမျိုးချစ်စိတ်ဓါတ် ပြင်းထန်တဲ့ မြန်မာ တိုင်းရင်းသားစစ်စစ် ရခိုင်လူမျိုးများနဲ့ထိပ်တိုက်တွေ့ပြီး ဘင်္ဂါလီလူမျိုးတွေက ရိုဟင်ဂျာအမည်သစ်တစ်ခုရရှိအောင် နည်းမျိုးစုံနဲ့အား ထုတ်ခြင်းသာဖြစ်ပါတယ်။

ရခိုင်သမိုင်းစဉ်တစ်လျှောက်၊ ဘီစီ ၅၆၂ မှ အေဒီ ၁၇၈၄ ခုနှစ်ထိ နှစ်ပေါင်း ၂၃၄၆ နှစ်ကြာခဲ့သည့် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ လောင်းကြပ်၊ မြောက်ဦးခေတ်တိုင်အောင်အုပ်ချုပ်ခဲ့သည့် ရခိုင်ဘုရင်အဆက်ဆက် ဗုဒ္ဓဘာသာ ကိုသာကိုးကွယ်ဆည်းကပ်ပြီး ရခိုင်ပြည်နယ်အနှံ့ရှေ့ဟောင်း ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များ အထောက်အထားရှိနေပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး လူဦးရေသန်းခေါင်စာရင်းကောက်ခံမှု ၄ ကြိမ်(၁၉၁၇၊ ၁၉၆၇၊ ၁၉၇၃၊ ၁၉၉၂) ပြုလုပ်ခဲ့ ရာမှာလည်း ရိုဟင်ဂျာ(ခ)ဘင်္ဂါလီလူမျိုးများမရှိခဲ့ပါဘူး။ အနှစ်ချုပ်လိုက်ရင်တော Internet သတင်းတွေနဲ့ အနောက် မီဒီယာတွေက ဘယ်လိုပဲပြောပြော မြန်မာနိုင်ငံမှာမရှိခဲ့တဲ့ တိုင်းရင်းသား(သို့မဟုတ်) ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီလူမျိုး (ခေါ်တောကုလား)များကို ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်မပြုကြပါဘူး။

အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ပြည်နယ်ထဲမှာ ရောက်ရှိနေတဲ့ဘင်္ဂါလီလူမျိုးများကလည်း ဒီအချက်ကို နားလည်လက်ခံထားပြီး အလုပ်အကိုင်ရရှိရေးအတွက်သာ ရခိုင်ပြည်နယ်ကိုရောက်ရှိနေရပြီး အချိန်တန်ရင် ဇာတိမြေကိုပြန်တဲ့ဓလေ့ရှိပါတယ်။ ရိုဟင်ဂျာကိုအကြောင်းပြုပြီး နိုင်ငံရေး လုပ်စား၊ ဒုက္ခသည်ကိုဗန်းပြပြီး ဒေါ်လာ သူတောင်းစားများက ရခိုင်လူမျိုးများရဲ့ မျိုးချစ်စိတ်ဓါတ်ကို ကောင်းကောင်းသိရှိကြပါတယ်။ အမေရိကားမှာရောက်နေတဲ့ ရခိုင်လူမျိုးများနဲ့ ပြည်တွင်း/ပြည်ပမှာရှိတဲ့ ရခိုင်လူမျိုးများကလည်း သမိုင်းကြောင်းနဲ့ယှဉ်ပြီး ကောင်းကောင်း သိနားလည်ပါတယ်ခင်ဗျာ။


ထွန်းလှဖြူ(မြောက်ဦး)
ခေတ္တ ဖိုဒ်ဝိန်းမြို့။

No comments: