Thursday, February 19, 2009

သတင်းရေးနည်း ဘီဘီစီအင်တာနက်စာမျက်နှာတွင် လေ့လာနိုင်ပြီ


ဘီဘီစီ အသံလွှင့်ဌာန၏ အင်တာနက်စာမျက်နှာတွင် သတင်းလိုက်နည်း၊ သတင်းရေးနည်းပညာများကို လေ့လာနိုင်ရန် တနင်္လာနေ့မှစ၍ မြန်မာဘာသာဖြင့် ဖော်ပြလိုက်သည်ကို တွေ့ရသည်။ ဘီဘီစီ သတင်းပညာကောလိပ်ဟု အမည်ပေးထားသော အဆိုပါ ကဏ္ဍကို ဘီဘီစီမြန်မာပိုင်းဌာန၏ အဖွင့်စာမျက်နှာမှတဆင့် သွားရောက် ဖတ်ရှုနိုင်ပြီဖြစ်သည်။ စာနယ်ဇင်းသင်တန်းကျောင်းတခုခုသို့ တက်ရောက်ရန် အခြေအနေမပေးသည့် သတင်းပညာရပ် စိတ်ဝင်စားသူများအတွက် ရည်ရွယ်သည်ဟု ဆိုသည်။ကနဦးခြေလှမ်းတခုဖြစ်ပြီး ပိုမို ပြည့်စုံသည့် လမ်းညွှန်ချက်များကိုဖော်ပြမည်ဟု ဆိုသည်။
စိတ်ဝင်စားဖွယ်ရာ သတင်းရေးနည်းမှအစ သတိထားရမည့် ဆောင်ရန် ရှောင်ရန်အချက်များ၊ အကြံပြုချက်များအထိ ပါဝင်သည်။

1 comment:

Anonymous said...

Warm greeting to your family!