Monday, February 02, 2009

မစ္စတာ ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေး

မစ္စတာ ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည် (စမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ)

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ရန်ကုန်မြို့ အစိုးရ ဧည့်ဂေဟာ၌ ယနေ့မနက် (၁၀) နာရီမှစ၍ တွေ့ဆုံခဲ့ပါသည်။


ဆွေးနွေး မည့်ခေါင်းစဉ်များက တော့-

၁- ၂၀၀၈ အခြေခံဥပဒေ ပြန်လည် ပြင်ဆင် - ကုလသမဂ္ဂ ဘယ်လို ၀င်မလဲ
၂- အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကုလသမဂ္ဂ က ဘယ်လို ၀င်ရောက်ကူညီနိင်မလဲ
၃- နိင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး ကုလသမဂ္ဂ က ဘယ်လိုကူညီမလဲ
၎- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကုလသမဂ္ဂ က ဘယ်လို သဘောထားလဲ

စသည်တို့ကို မိမိတို့ဘက်မှ ဆွေးနွေးမည်ဖြစ်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အတည်ပြု ပြောဆိုသည်။

ယခုတခေါက် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်သည် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ ကျဆင်းနေသည့် မြန်မာ့ စီးပွားရေးကိစ္စ ဆွေးနွေးရေးအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့ ဆွေးနွေးဖြစ်အောင် တွန်းအားပေးရေး ကိစ္စတို့က အဓိကဖြစ်ကြောင်း အမည်မဖော်လိုသည့် သံတမန်တဦးက မစ္စတာဂမ်ဘာရီ၏ ပြောကြားချက်ကို ကိုးကား ပြောဆိုခဲ့ပါသည်။

No comments: