Sunday, February 08, 2009

KNU မှ DKBA ကို ၀င်ရောက်တိုက်ခိုက်ခြင်း

ဒီနေ့ည သန်းခေါင် ၁၂၀၀ နာရီကျော်ကျော်က မြ၀တီ-သင်္ကန်းညီနောင်မြို့သစ် ရပ်ကွက်မှာရှိတဲ့ DKBA (၉၀၇)က ကုန်ပစ္စည်းတွေထားတဲ့ ဂိုထောင်ကို KNU ကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

KNU ဘက်က ထိခိုက်မှုမရှိပဲ DKBA ဘက်က ဂိုထောင်စောင့် ကလေးတစ်ဦးနဲ့ ရဲဘော် ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။ စစ်အစိုးရက နားလည်မှုနဲ့ လုပ်ပိုင်ခွင့်ပေးထားတဲ့ DKBA ရဲ့ စီးပွားရေးလုပ်ငန်းများကို KNU က ယခုလို မကြာခဏ နှောင့်ယှက်တိုက်ခိုက်လေ့ရှိပါတယ်။ DKBA ဘက်က ထိခိုက်ဆုံးရှုံးမှုတွေရှိနေလို့ မကြာခင်မှ KNU ကို လက်တုန့်ပြန်မှုတွေ ရှိလာနိုင်ကြောင်း နယ်စပ်မှာ သတင်းများဖြစ်ပေါ်နေလို့ စီးပွားရေးလုပ်ငန်းရှင်များ စိုးရိမ်နေကြပါတယ်.....

2 comments:

Anonymous said...

DKBA နဲ့ KNU နှစ်ဖက်စလုံးကလည်း တကယ့် အိမ်ကျယ်တွေပဲ။ ဘာဖြစ်လို့ ကရင်အချင်းချင်း သတ်ဖြတ်နေတာလဲ? အဲဒါကို သတ္တိုလို့ခေါ်သလား? ခင်ဗျားတို့ အချင်းချင်းသတ်လိုက်.. နအဖနဲ့ သတ်လိုက်နဲ့ ကရင်ဒေသကတော့ အမြဲတမ်း ယမ်းငွေ့တွေ သင်းပျံ့နေတယ်။ ကရင် ခေါင်းဆောင်တွေက ဦးသန်းရွှေ ၊ ဒေါ်အောင်ဆန်းစုကြည်တို့လိုပဲ အတ္တသမားတွေဆိုတာ သိပ်ကို သိသာလွန်းတယ်နော်

မြန်မာပြည်မှာမွေးဖွားတဲ့
ဇော်မျိုး

Canada Myanmar Group said...

KNU စစ်ရေးလှုပ်ရှားမှူုတွေကိုကြားရတာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ မင်္ဂလာသတင်းပါ အစည်းအဝေးတွေထိုင် စတိတ်မန့်တွေထုတ် အုပ်စုဖွဲ့ ဗိုလ်
လုနေတာတွေထက် စစ်ရေးလှိုဝှက်ပြောက်ကျားစနစ်တွေ
ကနိုင်ငံတိုင်းရဲ့ တော်လှန်ရေးတိုင်းကို ကမ္ဘာမှာအရှိန်အဟုန်
မြင့်မားလာစေတဲ့ အရာတွေပါ ပြည်သူတွေကိုအတပ်နိုင်ဆုံး
အထိအခိုက်နဲအောင်လုပ်ပါ ဒီကေဘီအေဟာလည်း စစ်
တပ်ရဲ့ ဒေါက်တိုင်ဖြစ်နေတဲ့ အတွက် လက်သန်းတချောင်း
ရလို့ ဖြတ်ရင်တောင် တရားတယ် ငြိမ်းချမ်းရေးအတွက်
စစ် ဆိုတာမျိုးလည်း ရှိပါတယ် အဲဒီနှစ်ဖက်လုံးကခေါင်း
ဆောင်တွေနဲ့ လည်း ရင်းနှီးခဲ့ ဘူးပါတယ် KNU ကိုအားပေး
လျှက်ပါ