Tuesday, March 03, 2009

ရခိုင်ပြည်နယ်တွင် မီးတောင်ပေါက်ကွဲ၊ သေကြေပျက်စီးမှု မရှိ


ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာနှင့် လေးမိုင်ခန့် အကွာ ရွှံ့မီးတောင်များ နေရာရှိ နဂါးတောင်ဟု ဒေသခံများခေါ်တွင်သော ရွှံ့မီးတောင်သည် ယခုနှစ် ဇန်န၀ါရီလ ၅ရက် ၊ နံနက် ၁၁နာရီ ၄၀ မိနစ် တွင် ပေါက်ကွဲခဲ့သည်။ မိနစ် ၂၀ ကြာ ပေါက်ကွဲခဲ့သော ရွှံ့မီးတောင်မှ ရွှံ့ရည်၊ ချော်ရည်များ ပေ၁၀၀ခန့် မြင့်တက်ခဲ့ပြီး မီးတောင် မီးလျှံများမှာ ပေ ၄၀၀ ခန့် မြင့်တက်ခဲ့သည်။ ပုံတွင် မီးတောင် မီးလျှံများ ပေါက်ကွဲ၍ ဝေဟင်သို့ ထိုးတက်လာသည်ကို ကျောက်ဖြူမြို့မှ အမိအရ ဓါတ်ပုံရိုက်ကူးထားခြင်းဖြစ်သည်။ မီးတောင် ပေါက်ကွဲမှုကြောင့် လယ်နှစ်ဧက ချော်ရည်ဖုံးလွှမ်းခဲ့သော်လည်း လူ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များ သေကြေပျက်စီးမှု မရှိခဲ့ပေ။

ရတနာမြေ မှကူးယူဖော်ပြသည်--

No comments: