Tuesday, March 03, 2009

ဗိုလ်မှူးကြီးခွန်ဥက္ကာ နိုင်ငံရေးဆွေးနွေးပွဲ ( ဂျပန် )


ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း ( ဂျပန် ) AUN-Japan မှ ဦးဆောင်ပြီး ဂျပန်နိုင်ငံတွင်ခေတ္တရောက်ရှိနေသော ဗိုလ်မှူးကြီးခွန်ဥက္ကာ (Chairperson-PPLO)/ ( General Secretary-NDF ) နှင့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို Takadanobaba , Sekatsu Center 4F တွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် AUN-Japan မှ ဥက္ကဋ္ဌ ဦးဇော်မင်းခိုင် ( ၂၀၀၈-၂၀၀၉) မှ အမှာစကားပြောကြားပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ဗိုလ်မှူးကြီးခွန်ဥက္ကာမှ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ၊ တိုင်းရင်းသားအခန်းကဏ္ဍများနှင့် အနာဂတ်နိုင်ငံရေးအခြေအနေများကို ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့အပြင် တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ အပြန်အလှန်မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။ ယနေ့အခမ်းအနားကို ညနေ ၆ နာရီမှ ၉ နာရီအထိကျင်းပခဲ့ပြီး အခမ်းအနားမှုးများအဖြစ် မိုင်ကျော်ဦးနှင့် L.Zau La တို့မှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ဒီမိုကရေစီအင်အားစု ၅၀ ကျော် တတ်ရောက်ခဲ့ပါသည်။



Written by နေလ

No comments: