Friday, March 27, 2009

'' ၀ '' တပ်ဖွဲ့မှ ဗိုလ်ကြီးတစ်ဦး၏ ဇနီး စိတ်ကြွဆေးများနှင့်အတူ ထိုင်းနယ်မြေအတွင်း ဖမ်းဆီးခံရခြင်း

UWSA ''0'' လက်နက်ကိုင်အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ၏ဇနီး အားမေအား စိတ်ကြွဆေးပြား(ရာမ) တစ်သိန်းခြောက်သောင်းနှစ်ထောင်နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း အားမေ၏ပြောဆိုချက်အရ မူးယစ်ဆေးဝါး များအား '' ၀ '' နယ်မြေ ပါဆာရွာမှသယ်ယူလာပြီး ထိုင်းနိုင်ငံ၊ နားပဲ့ရွာရှိ ၀ယ်သူထံလာပို့ခြင်းဖြစ်ကြောင်း၊ ၎င်းင်းနှင့်အတူ '' ၀ '' လက်နက်ကိုင် (၆) ဦးမှ လိုက်ပါစောင့်ကြပ်ပေးကြောင်း '' ၀ '' စစ်သားများမှာ ထိုင်းလက်နက်ကိုင် အဖွဲ့နှင့် မဲဟောင်းဆောင်းခရိုင် ပန်မက်ဖန်မြို့၊ မိုက်ဆန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးထွက်ပြေးသွားကြောင်း မတ်လ ၂၂ ရက်နေ့က ထိုင်းနိုင်ငံထုတ် ထိုင်းရတ်သတင်းစာတွင် ဖော်ပြထားပါသည်။

အားမေမှာ UWSA နယ်မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သွားလာနေသူဖြစ်သည်။ ထိုင်းနိုင်ငံ အမှတ်(၁၇)အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ဗိုလ်မှူးကြီး အဖီချေ့စိစက် ၏ ပြောဆိုချက်အရ မြန်မာဘက်ခြမ်းနှင့် ထိုင်းနယ်စပ်ဒေသများတွင် ''၀'' တိုင်းရင်းသားများသည် ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းများ လုပ်ကိုင်လျက်ရှိပြီး မူးယစ်ဆေးဝါး (ရာမ) အလုံးပေါင်းမြောက်များစွာအား ထိုင်းနိုင်ငံဘက်သို့ သယ်ဆောင်လာရန် လုပ်ဆောင်နေသဖြင့် မျက်ခြေမပြတ် စောင့်ကြည့်နေရကြောင်း သိရှိရသည်။

အလားတူပင် မူးယစ်ဆေးဝါးများရောင်း^၀ယ်ဖြန့်ချိနေသော ဂိုဏ်းအဖွဲ့မှ ဖိရယွန်ဖဲ့စ်ကော်စ်၊ ချာန်ရုန်းမူစေ့ နှင့် ၀ိချာန်စူကိဖန်တို့(၃)ဦးအား ယင်းတို့ပိုင်ဆိုင်သောငွေကြေး ပစ္စည်း၊ဘတ်သန်း(၁၀၀) ကျော်နှင့်အတူ မတ်လ ၂၀ ရက်နေ့တွင် ထိုင်းမူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းတားဆီး ရေးဌာနမှ ဖမ်းဆီးခဲ့သည်။ ၎င်းင်းတို့ (၃)ဦးသည် မူးယစ်ဆေးဝါးများကို ထိုင်းနယ်စပ်နှင့် မြန်မာနယ်စပ်တွင် ထုတ်လုပ်ကြခြင်းဖြစ်ဖြစ်ပြီး၎င်းင်းနေရာကို ''၀'' လက်နက်ကိုင် တပ်ဖွဲ့များက ကာကွယ်စောင့်ရှောက် ပေးထားကြောင်း သိရသည်။

ထိုင်းနယ်မြေအတွင်း ဖမ်းဆီးရမိသော စိတ်ကြွကဆေးပြားများအားလုံး '' ၀ '' နယ်မြေမှ ထုတ်လုပ်ခြင်းဖြစ်ပြီး '' ၀ '' ခေါင်းဆောင်များသည် မူးယစ်ဆေးဝါးမှ ရရှိငွေများဖြင့် အလွန်ချမ်းသာကြွယ်ဝနေသူများဖြစ်ပြီး အားမေ၊ ဖိရယွန်ဖဲ့စ်ကော်စ်၊ ချာန်ရုန်းမူစေ့ နှင့် ၀ိချာန်စူကိဖန် ဖမ်းဆီးရမိအောင် မြန်မာဘက်မှ သတင်းပေးခဲ့ပါသည်။


သတင်း. ထိုင်းရတ်သတင်းမှ ကူးယူတင်ပြပါသည်။


No comments: