မြန်မာစစ်အစိုးရဘက်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်တိုးတက်အောင် လုပ်ခဲ့တယ်ဆိုရင် မြန်မာနိုင်ငံအပေါ် ပြဌာန်းထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို အီးယူ ဥရောပနိုင်ငံတွေဘက်ကလျော့ချလိုတဲ့ ဆန္ဒရှိတဲ့အကြောင်း အီးယူ ဥရောပ နိုင်ငံတွေရဲ့ အထူးကိုယ်စားလှယ် Piero Fassino က ပြောပါတယ်။
မနေ့က အင်ဒိုနီးရှားနိုင်ငံ မှာ သတင်းထောက်တွေကို တွေ့ဆုံရာမှာPiero Fassino က အီးယူ ဘက်က အရေးယူ ပိတ်ဆို့မှု တွေကိုသက်တမ်းတိုးရေးကိစ္စဟာ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးတိုးတက်မှုအခြေအနေပေါ် မူတည်တယ်လို့ ပြောဆို သွားတာဖြစ်ပါတယ်။
ဒီလို မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု သက်တမ်းတိုးမယ်မတိုဘူးဆိုတာကို ဥရောပ နိုင်ငံတွေရဲ့ မူဝါဒကို အဆုံးအဖြတ်ပေးတဲ့ ဥရောပကောင်စီက လာမယ့် ဧပြီလအတွင်းမှာ အခြေအတင်ဆွေးနွေးကြပါလိမ့်မယ်။
မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ နီးစပ်တဲ့သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး စီးပွားရေးနဲ့ သံတမန်ရေးအရအရေုးယူဒဏ်ခတ်တာတွေကို ဥရောပနိုင်ငံတွေက ပြဌာန်းထားပါတယ်။ဒီလို အရေးယူမှုတွေကို နောက်ထပ် တနှစ် သက်တမ်းတိုးမတိုး အီးယူဘက်က ဆုံဖြတ်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းက အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဘို့ဥရောပနိုင်ငံတွေက စစ်အစိုးရကို တိုက်တွန်းနေပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဘို့နဲ့ ၂၀၁၀ မှာ ကျင်းပမယ့်ဆိုတဲ့ ရွေးကောက်ပွဲကိုလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပဘို့တိုက်တွန်းထားတာပါ။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အခြား နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးဘူးဆိုရင် မြန်မာစစ်အစိုးရကျင်းပတဲ့ ရွေးကောက်ပွဲဟာ လူအများ လက်ခံယုံကြည်နိုင်တဲ့ အနေအထားမှာရှိမှာ မဟုတ်ဘူးလို့လည်း အီးယူ နိုင်ငံခြားရေး ၀န်ကြီးတွေက ပြောဆိုထားပါတယ်။
Source: VOA

No comments:
Post a Comment