Tuesday, March 31, 2009

အိန္ဒိယ မှ နာမည်ကျော် တာတာ မော်တော်ကား ကုမ္ပဏီ မြန်မာပြည် တွင် စက်ရုံထောင်မည်


အိန္ဒိယ အစိုးရ ၏ ထောက်ပံ့ပေးမှုဖြင့် အိန္ဒိယ နိုင်ငံမှနာ မည်ကျော်မော်တော်ကားကုမ္ပဏီ ဖြစ်သော တာတာမော်တော်ကားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မော်တော်ကား ထုတ်လုပ်တပ်ဆင်ရေးစက်ရုံတစ်ခု တည်ဆောက်မည်ဟု ယနေ့ ထုတ်ဝေသော ဘန်ကောက် ပို့ (စ်)သတင်းစာတွင် ဖေါ်ပြထားသည်။

စနေနေ့ က အိန္ဒိယ နိုင်ငံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တာတာမော်တော်ကား ကုမ္ပဏီ မှ စစ်အစိုးရအုပ်ချုပ်သော မြန်မာပြည်တွင် သူတို့ အနေဖြင့် စက်ရုံထောင်ခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သည် ဟုဆိုသည်။ ယခုကဲ့ သို့ တာတာမော်တော်ကား ကုမ္ပဏီ က အာရှနိုင်ငံများတွင် မော်တော်ကား ကုမ္ပဏီ ထောင်ခြင်းသည် မြန်မာနိုင်ငံက တတိယမြောက် ဖြစ်ပြီး ကိုရီးယားနှင့် ၂၀၀၇ ဒီဇင်ဘာလက ထိုင်းနိုင်ငံတို့တွင် ထုတ်လုပ်တပ်ဆင်ရေး စက်ရုံများတည် ဆောက်ပြီးဖြစ်သည်။

တာတာမော်တော်ကား ကုမ္ပဏီ မှ အဆင့်မြင့်တာဝန်ရှိသူများသည် ယခုတစ်ပတ် အတွင်း မြန်မာစစ်အစိုးရ စွမ်းအင်ဝန်ကြီးနှင့် တွေ့ ဆုံပြီးနောက် ထိုရလာဒ်ပေါ်ထွက်လာခြင်းဖြစ်သည် ဟု ဘန်ကောက်ပို (စ်)ကရေးသားထားသည်။

တာတာ က မြန်မာပြည်တွင်မော်တော်ကား ကုမ္ပဏီ လာရောက်တည်ထောင် ခြင်းမှာ အိန္ဒိယ အစိုးရ၏ အရှေ့ကြည့် (Look East)ဆို သည့် မူဝါဒ အရဖြစ်သည်။

တာတာ မော်တော်ကားကုမ္ပဏီ သည် ကမ္ဘာတွင် တန်ဖိုးအနည်းဆုံးသော မော်တော်ကားများထုတ်လုပ်ပြီး တာတာ နာနို အမျိုးအစား မော်တော်ကားတစ် စီး ၏ ပေါက်ဈေးမှာ ရူပီး တစ်သိန်း (အမေရိကန်) ဒေါ်လာ နှစ်ထောင်ကျော် ဈေးရှိသည်။

၂၀၀၈ ခုနှစ်တွင် တာတာမော် တော်ကား ကုမ္ပဏီ ၏ အရောင်းကျဆင်း သွားခဲ့သဖြင့် ကုမ္ပဏီ၏ဘဏ္ဌာရေး ထိခိုက်ရသည် ဟု ဒေလီ ထုတ် သတင်းစာ တစ်စောင် တွင် ဖေါ်ပြထားသည်။

သတင်း-freedom new

No comments: