Saturday, April 18, 2009

BiJli မုန်တိုင်း ကုန်တွင်းပိုင်းရောက်ရှိပြီးနောက် အားပျော့ပျက်ပြယ်စပြု

BiJli မုန်တိုင်းဒဏ်ခံရခဲ့ရတဲ့ဘင်္ဂလားဒေ့ရှ်က နေရာတစ်ခုပုံ
အပူပိုင်းမုန်တိုင်း BiJli ဟာ ဘင်္ဂလာဒေ့ရှ် ကုန်းတွင်းပိုင်းသို့ ၀င်ရောက်ဖြတ်ကျော်ခဲ့ပြီး အားပျော့ ပျက်ပြယ်စပြုနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စစ်တွေမြို့  မြန်အောင်ကျွန်းတစ်ဝိုက်တွင် မုန်တိုင်းစက်ကွင်းအစွန်းအဖြစ်သာ ကြုံတွေ ရသည့်အတွက် လေတိုက်နှုန်းပြင်းထန်မှု မရှိကြောင်း သိရှိရပါတယ်။ မိုးအုံ့ ပြီး မိုးရွာသွန်းမှုသာ ရှိနေပါတယ်။

ယခုအခြေအနေအရဆိုလျှင် BiJli မုန်တိုင်းဟာ ကူန်တွင်းပိုင်းရောက်ရှိပြီးနောက် အားပျော့ပျက်ပြယ်စ ပြုနေပြီ ဖြစ်တဲ့အတွက် မြန်မာပြည်သူပြည်သားတွေအတွက် စိုးရိမ်မှုများကို လျော့ကျစေပါပြီ။


Posted by Niknayman

No comments: