Tuesday, April 14, 2009

ခွန်အားသစ်နှင့်ရွှေ့ ပြောင်းအလုပ်သမားတို့ ၏ စုပေါင်းရှင်ပြုရဟန်းခံအလှူပွဲ


ထိုင်း-မြန်မာနယ်စပ်၊မဲဆောက်မြို့ ရှိခွန်အားသစ်ရွှေ့ ပြောင်းအလုပ်သမားအဖွဲ့ နှင့်ရွှေ့ ပြောင်း အလုပ်သမား အလွှာပေါင်းစုံတို့၏စုပေါင်းရဟန်းခံ ရှင်ပြုအလှူပွဲကိုဘွေးကလားကျေးရွာတွင် ယနေ့ ကျင်းပခဲ့ကြသည်။

မဲဆောက်မြို တောင်ဘက်၁၆ကီလိုမီတာကွာဝေးသောနေရာတွင်ဆရာတော်ဦးသောမ၏ ဆုံးမသြ၀ါဒကိုခံယူ့လျက်ကိုရင်(၃၂)ပါး၊ ရဟန်း(၈၀)ပါးတို့အားခွန်အားသစ်အဖွဲ့မှ ကြီးမှူးကာ ပျော်ပျော်ရွှင်ရွှင်ဆင်နွဲခဲ့ကြခြင်းဖြစ်သည်။

ဤဓာတ်ပုံများတွင်ဘွေးကလားကျေးရွာရှိတောတောင်သဘာဝရှုခင်းအလှ သင်္ကြန်ပန်းအချို
ကိုခေါင်းတွင်ဆင်မြန်းထားမှုအလှနှင့် ကုသိုလ်ဒါနအလှများကို မှတ်တမ်းတင်ထားပါသည်။


သတင်းမှတ်တမ်း-မြန်မာပြည်သား

No comments: