စင်္ကာပူနိုင်ငံ သွားပြီး ကျောင်းတက်ရန် အလုပ်လုပ်ရန်ဆိုတဲ့ခေါင်းစဉ် အောက်မှာ ကွဲပြားခြားနားတဲ့ ဒုက္ခများစွာနဲ့ ရင်ဆိုင်နေခဲ့ရ တဲ့ ကျောင်းသားလူငယ်အများအပြားရှိကြပါတယ်။ကိုယ့် နိုင်ငံကိုယ့်ဒေသလို နွေးထွေးကြင်နာမှုနည်းပါးတဲ့ လူမျိုးခြား များအလယ်မှာ ကြိုးစားရပ်တည်ရင်း ဘဝကိုရုန်းကန် နေကြရတဲ့ မြန်မာလူမျိုးများအတွက်ကြီးပွားတိုးတက်မှု လမ်းမှန်က ဘာလဲဆိုတာကို ဂဃနဏသိသူ နည်းပါးနေ တာကို ကိုယ့်တွေ့ကြုံခဲ့ရသူများထံမှ ကြားသိနေရပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်းလုံး ရင်ဆိုင်နေရတဲ့ Crisis ဒဏ်ကြောင့်စင်္ကာပူ နိုင်ငံမှာလည်း မြန်မာအလုပ်သမား များစွာ ကျပ်တည်းမှုဒုက္ခများခံစားနေရတယ်လို့ သိရပြန် ပါတယ်။
စင်္ကာပူနိုင်ငံမှာကျောင်းသွားတက်ရင်း လုပ်ငန်းခွင် ဝင်နေပြီဖြစ်တဲ့ မြန်မာကျောင်းသားလူငယ်တစ်ဦးနဲ့ လျှပ် တစ်ပြက်တွေ့ဆုံခိုက် မြန်မာများအထင် ကြီးအားကျနေတဲ့ လူမျိုးခြားတိုင်းပြည်ရဲ့ အတွေ့အကြုံအချို့ကို လက်ဆင့် ကမ်းပြောကြားသွားခဲ့ပါတယ်။ စင်္ကာပူနိုင်ငံ Boston Bussiness School မှာ ပညာသင်ကြားနေခဲ့တဲ့ ကိုအောင်ကောင်းကျော် ပြောကြားသွားခဲ့တဲ့စကားအချို့ကို အခုလိုကြားသိခဲ့ ရပါတယ်။ ''ကျွန်တော်အလုပ်လုပ်နေတဲ့ပီဇာ (Pizza)ကုမ္ပဏီကို US(အမေရိကန်) ကနေ စင်္ကာပူသူဌေးကဝယ်တယ်။ ကျွန်တော်တို့ဆီကနေတစ်ဆင့် double choice ယူထားတယ်။ ဘယ်လိုပြောရမလဲဆိုရင် Mac Burger တို့၊ J.donuts တို့လို ကုမ္ပဏီကြီးကနေဆိုင်ခွဲယူထားတဲ့သဘောပေါ့။ ဆိုင်မှာထိုင်စားတာတော့ မဟုတ်ဘူး။ delivery နှင့် order ပေးတဲ့ပုံစံမျိုး။ ကျောင်းကအပြင်ကတက်နေ တာဆိုတော့ အလုပ်ကတော့တစ်နှစ်ပဲရှိပါသေးတယ်။
၂ဝဝ၉အစပိုင်းမှာ စင် ကာပူမှာစီးပွားရေးကျတယ်။ ကျွန်တော်တို့ကျ စားသောက်ကုန်လုပ်ငန်းဖြစ်တဲ့ အတွက် လောလောဆယ်မကျသေးဘူး။ ကျန်တဲ့လုပ်ငန်းကြီးဖြစ်တဲ့ electrical, garment, ship တွေ maintain လုပ်တဲ့ကုမ္ပဏီ၊ အထည်ချုပ်တွေ၊ panasonic ဆိုရင်စင်္ကာပူမှာ ၈ဝ% လောက်ပိတ်လိုက်တယ်။ ကျွန်တော်က foreigner ဆိုတော့ သူတို့နိုင်ငံကိုပြန်ကြည့်လိုက်တော့ local ကိုဦးစားပေးတယ်။ အဲဒီအ တွက်ကြောင့် လူတွေကိုလျှော့တယ်။ တကယ်လိုအပ်တဲ့လူတွေကျတော့လည်း လစာကို declare လုပ်ထားတယ်။ ၂ဝ% ဖြတ်ခွင့်ရှိတယ်ပေါ့လေ။ အလုပ်သမား တစ်ယောက်ရဲ့ လစာကိုပေါ့နော်။ OT မရဘူး။ အလုပ်ရှင်က ၂ဝ% ဖြတ်တာ ကိုလက်ခံရမယ်။ complain တက်လို့မရဘူး။ momim ကို declare လုပ်ထား တာကြောင့်မို့တဲ့။ စက်ရုံတွေကျတခြားကို export မရှိဘူး။ export order မရှိလို့ စက်ရုံပိတ်ရတယ်။ ကျွန်တော်တို့လုပ်ငန်းက pizza ဆိုတော့ local ကြိုက်တဲ့ဟာဖြစ်နေ တယ်။ essential နှင့် non- essential ခွဲတဲ့အခါမှာ ကျွန်တော်တို့က essential အပိုင်းထဲပါနေသေးတယ်။ အဲဒီအတွက်တော့ အများကြီးမထိသေးဘူး။ အရင် တုန်းကတနေ့ကို (၃ဝဝဝ)ဖိုးရောင်းရတယ်ဆိုအခုကျ ၂၅ဝဝ၊ ၂၈ဝဝလောက်ရှိ တာပေါ့နော်။ စင်္ကာပူမှာ public holiday ဖြစ်တဲ့နေတွေမှာဆို ရောင်းအားက ကောင်းနေပါသေးတယ်။'' မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ထွက်ခွာသွားကြသူအများစုက အဆင့်မြင့် ကျောင်းနေဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုကြောင့်ဖြစ်ပြီး အထင်နဲ့မမြင်လွဲမှားစေ တဲ့ အချက်ကကြော်ငြာကောင်းတဲ့ Agent များကို ယုံမှားမိခဲ့တာကြောင့်လို့ သူကဆိုပါတယ်။
''ကျွန်တော်မြန်မာပြည်ကစသွားတော့ ကျောင်းတက်ဖို့သွားတာ။ ကျောင်း တက်တယ်။ ကျောင်းတက်ပြီး job training attachment ပေးတယ်။ ကျွန်တော် ကအဲဒါရမှ permanent လိုင်းကိုကူးလိုက်တာပါ။ Full-time ဖြစ်သွား ပေါ့'' ''တော်တော်များများစင်္ကာပူကိုသွားကြတယ်။ အဲဒီမှာနေချင်တဲ့ Feel ရယ်၊ ကျောင်းတက်ဖို့အတွက်ရယ်ပေါ့။ ဒီကကြော်ငြာ Agent တွေကကျောင်း သွားအပ်ပေးကြတယ်။ ကျောင်းတွေက government school မဟုတ်ဘူး။ pruvate school တွေ ကြီးပဲ။ ပထမ(၆)လပဲတက်ပေးတယ်။ ကျွန်တော် တို့က (၂ဝဝ၇)ခုနှစ်ကသွားတော့ နည်းနည်းစော သွားတယ်။ စင်္ကာပူမှာကျောင်းတက်တိုင်းလည်း အလုပ်မရဘူး။
ဟိုကကျောင်းတွေကလည်း အ ရှေ့တောင်အာရှကျောင်းသားတွေကျောင်းတက်လို့ ရတယ်။ ပြီးရင် အလုပ်ရမယ်ဆိုတဲ့အသံတွေပစ်ပြီး တစ်ခါတစ်လေ (၁)နှစ်ပဲဖွင့်တယ်။ နောက်နှစ်ကျ မရှိတော့ဘူး။ အဲဒါမျိုးတွေကတော်တော်များတယ်။ ကျွန်တော်က Boston Business school မှာ တက်တာပါ။ တချို့ကျောင်းတွေကအပ်ပေးတယ်။ ပြီးရင် student pass (၆)လပဲ ထုတ်ပေးတယ်။ ၆လပြီးရင် ကိုယ်က ဘယ်လိုင်းယူထားလဲ၊ ကိုယ့်ကိုခေါ်မယ့်သူဌေးဆီ inter-view သွား။ သူဌေးကကြိုက်ပြီးဆိုတော့မှ ကျွန်တော်တို့က အဲဒီအလုပ်ကိုရတာ။ အဲဒါမရရင်ပြန်ရုံပဲ။ ကျောင်းလည်းပြီးသွားပြီ၊ student pass လည်းကုန်ပြီဆိုဟိုမှာ တစ်ရက် တောင်ပိုနေလို့မရဘူး။ အဲဒီ့ အချိန်မှာ သူတို့ရဲ့မှတ်ပုံတင်ဌာနက ၂ပတ်နေထိုင် ခွင့်ရှိတယ်ဆိုတဲ့ social visit card ပြောင်းပေးတယ်။ အဲဒီ့အတောအတွင်းမှာ တချို့ interview သွား။ အလုပ်ရသွားပြီဆိုရင်နေလို့ရ တယ်။ အဲဒီ့၂ပတ်ကျော် သွားပြီဆိုရင်တော့ ကိုယ့်နိုင်ငံကိုပြန်လာရတယ်။ ဒီကကျောင်းပြီးရင်အလုပ်ရမယ်။ ပြီးရင် PR လျှောက်လို့ရပြီလို့ဆိုတဲ့ ကြော်ငြာတွေကြောင့်ပေါ့နော်။ အဲဒါတွေယုံပြီးသွားတယ်။ ဟိုကျမှတစ်ခြားစီ ဖြစ်နေတဲ့ဟာမျိုးတွေကများပါတယ်။''
မြန်မာပြည်မှာဘွဲ့ရမှ လူရာဝင်နိုင်မယ်လို့ ကြွေးကြော်နေကြသလို၊ စင်္ကာပူ နိုင်ငံမှာလည်း မြန်မာနိုင်ငံကဘွဲ့ရဲ့ တန်ဖိုးကြီးမားပုံအကြောင်းကို အခုလို ကြားသိခဲ့ရပါတယ်။ ''တစ်ချို့တွေက ဒီကဘွဲ့ကိုတန်ဖိုးမထားကြဘူး။ ဘွဲ့ရလည်းဘာမှမဖြစ် ပါဘူးဆိုပြီး ၁ဝတန်းအောင်နဲ့တချို့သွားကြတယ်။ ကျောင်းတက်တယ်။ ဟိုမှာ diploma တက်တာဆိုတော့ဘွဲ့မရဘူး။ ဘွဲ့ရလို့မသတ်မှတ်တော့ s-pass အဆင့်မရှိဘူး။ အဲဒီအဆင့်ကလစာ၁၈ဝဝရတယ်။ အဲဒါဆို Visa လည်းမလို တော့ဘူး။ အလုပ်သမားဝန်ကြီးဌာနကပေးတဲ့ Special Card ပေါ့နော်။ Work Permit ထက်တဆင့်မြင့်တဲ့ဟာပေါ့။ occupation တစ်ခုခုရှိရမယ်။ graduated တစ်ယောက်ဖြစ်ရမယ်။ ကျွန်တော်ဒီကျောင်းကရထားတဲ့ Diploma နှင့်ကျွန် တော့သူငယ်ချင်းတစ်ယောက်ကို s-pass တင်တယ်။ သူတို့ကလည်း private ကျောင်းမို့ recognize မလုပ်ဘူး။ အဲဒါကြောင့်တင်လို့မရဘူး။ ၁ဝတန်းအောင်ပဲ ရှိတယ်။ စင်္ကာပူမှာကျောင်းသွားတက်ပြီး P.R (Public Relation) ရမယ်ဆိုတာ က လျှောက်ခွင့်ကိုမရှိတာ။ Degree holder တစ်ခုရှိကိုရှိမှရတာမို့လေ'' စင်္ကာပူနိုင်ငံမှာ(၂)နှစ်ကျော်ကြာမြင့်အောင် နေထိုင်ခဲ့တဲ့ ကိုအောင် ကောင်းကျော်ရဲ့ အကြံûပချက်စကားက တန်ဖိုးရှိလှပါတယ်။ လက်ရှိစင်္ကာပူမှာနေနေတုန်းပါပဲ။ ၂နှစ်နှင့် ၇လလောက်ရှိပြီ။ OJT(on Job Training) ဆိုတာက training တစ်ခုပဲလေ။ လစာ ၆ဝဝဝလောက်ပဲရ တယ်။ မြန်မာကျောင်းသားတွေခါးဆက်ပြတ်သွားတာလည်း အဲဒီတစ်ချက် ကြောင့်ပဲ။ လာတဲ့လူတွေကငယ်တော့ တချို့ကျ Work Permit တင်လို့မရ ပြန်ဘူး။ ကိုးလို့ကန့်ဖြစ်ကုန်၊ ပိုက်ဆံတွေကုန်ပြီးပြန်လာရတာပေါ့။ ဟိုမှာနေ ဖြစ်တာပဲရှိပါတယ်။ အကောင်းဆုံးက စင်္ကာပူသွားမယ်ဆို ဒီကဘွဲ့တစ်ခုခု ရမှသွားတာ အကောင်းဆုံးပါပဲ'' ဘယ်နိုင်ငံ ဘယ်နေရာကိုရောက်ရောက် မြန်မာနိုင်ငံကို ချစ်မြတ်နိုး ကြသူများအတွက် မြန်မာ့ရေမြေ၊ သဘာဝဘေးအန္တရာယ်များနဲ့ ကြုံတွေ့ နေလင့်ကစား၊ မျိုးချစ်စိတ်ဓါတ်အရင်းခံအတိုင်း'လုပ်သလိုမဖြစ်ရင်၊ ဖြစ်သလို လုပ်သွားကြမှာ'မလွဲဧကန်ပါပဲ။
http://www.snapshot-news.com/modules.php?name=News&file=article&sid=18894

No comments:
Post a Comment