Friday, April 17, 2009

အင်းလျားလမ်းသင်္ကြန် စည်ကားမြဲ

နှစ်စဉ်နှစ်တိုင်းလိုလို ရန်ကုန်သင်္ကြန် တွင် အစည်ကားဆုံး နေရာတစ်ခု ဖြစ်သည့် အင်းလျားလမ်းသည် ယခုနှစ်တွင်လည်း အစဉ်အလာ မပျက် စည်ကားမြဲ ဖြစ်ကြောင်း သိရပါသည်။

ရန်ကုန်မြို့ အင်းလျားလမ်း တလျှောက်တွင် မဏ္ဍပ်ပေါင်း ၈၀ ခုခန့်ရှိပြီး ကားများတိုးမပေါက်အောင် ပြည့်ကြပ်နေကြကြောင်း သိရပါ သည်။

ကမ္ဘာအေးဘုရားလမ်းရှိ တီဟုမ်း မဏ္ဍပ်မှာ ယခုနှစ်သင်္ကြန်တွင် အကြီးမားဆုံး မဏ္ဍပ်ကြီး တစ်ခုဖြစ်ပြီး ပေ ၂၀၀ ကျော်ခန့် အလျား ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ ထိုမဏ္ဍပ်တွင် ဖိုးကာ၊ စည်သူလွင်၊ ဇော်ပိုင်စသည့် နာမည်ကြီး အဆိုတော် သုံးဆယ်ကျော်ခန့် အလှည့်ကျ သီဆို ဖျော်ဖြေကြကြောင်း သိရသည်။

ရန်ကုန်မြို့လည်တွင်မူ အင်းလျားလမ်း၊ ကမ္ဘာအေး ဘုရားလမ်းနှင့် ဦးချစ်မောင်လမ်းတို့၌ စည်ကားနေသကဲ့သို့ စည်ကားခြင်း မရှိပေ။

ကာလသားတို့အတွက် အချမ်းပြေ မြန်မာဘီယာကိုမူ ပုံမှန်ကာလတွင် တစ်ပုလင်းလျှင် ၁၂၀၀ ကျပ်ဖြင့် ရောင်းချသော်လည်း သင်္ကြန်ကာလအတွင်း၌ ၁၅၀၀ ကျပ်နှင့် ရောင်းချနေကြောင်း သိရသည်။

ယခုနှစ်သင်္ကြန်ကာလတွင် ရန်ကုန်၌ မိုးများ ဆက်တိုက်ဆိုသလို ရွာသွန်းနေသဖြင့် ပိတောက်များ ပင်လုံးညွှတ်မျှ ထူးထူးခြားခြား ပွင့်နေသည်ဟုလည်း ဆိုသည်။








သတင်း-သံလွင်

No comments: