Friday, April 17, 2009

အပူပိုင်းမုန်တိုင်း ကြေညာချက်


Bijli ဟု အမည်ပေး ထားသည့် အပူပိုင်း မုန်တိုင်း သတိပေး ကြေညာချက် တစ်ခု ထွက်ပေါ်လာပြီး အဆိုပါ ကြေညာချက်အရ ဧပြီလ ၁၈ ရက်နေ့ 09:00 GMT အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၀င်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အမေရိကန်ရေတပ်နှင့် လေတပ်တို့ ပူးပေါင်း ဖွင့်လှစ်ထားသည့် တိုင်ဖွန်းသတိပေးစင်တာမှ ရရှိသည့် သတင်းများအရ ထိုအပူပိုင်း မုန်တိုင်းသည် တစ်နာရီလျှင် ၁၁၁ ကီလိုမီတာ နှုန်း (တစ်နာရီလျှင် ၆၉ မိုင် နှုန်း) ဖြင့် တိုက်ခိုက်မည်ဟု သိရပြီး လေတိုက်နှုန်းမှာ ပိုမိုလာနိုင်ဖွယ် ရှိသည်ဟု ဆိုသည်။



၎င်းမုန်တိုင်းသည် လတ္တီတွဒ် ၂၁.၂ နှင့် လောင်ဂျီတွဒ် ၉၁.၆ တည်နေရာတွင် မြေပြင်သို့ သက်ဆင်းမည်ဟု ခန့်မှန်းထားကြသည်။

ထိုမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကျော်ပြီးနောက် မြန်မာနိုင်ငံ အနောက်ပိုင်းဒေသသို့လည်း ၀င်ရောက်တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းချက်များ အရ သိရသည်။

Source: Reuters and other agencies

No comments: