မယ်လစခန်း ဇုံဘီ ၂၊(၁၆.၀၄.၀၉)က ကုလားနဲ့ ကရင် ရန်ဖြစ်ကြရာမှာ ကရင် ၁ ယောက်သေပြီးတစ်ယောက် မဲဆောက်ဆေးရုံ ပို့ လိုက်ရတယ်။ ကရင်လူငယ်များ ရေကစားထွက်ရင်း တဖက်ကကုလားတွေနဲ့ အခုလိုအချင်းများမှုဖြစ်ခဲ့ ရတာပါ။
"အသက် ၂၀ ၀န်းကျင်လေးတွေပါ။ အဲဒါနဲ့ အပြင် ကို ထွက်သွားကြပါတယ်။ (ခလေးတွေက)ဈေးတန်းအရောက်မှာဓါးနှင့် အခုတ်ခံလိုက်ရတယ်။ ဒါနဲ့ခလေးတွေကို ဆေးရုံ့ကိုပို့ပါတယ်။ သေမသေ ကို ခုထက်ထိ သတင်း အတိအကျမရသေးပါဘူး။ ခဏကြာတော့မှ ကရင်အုပ်စုကြီးနဲ့  ကုလားအုပ်စု ကြီးနဲ့  စတင် ရန်ဖြစ်ကြပါတယ်"။
"တစ်ဖက်နဲ့ တစ်ဖက် ကို လူ ပေါင်း ၁၀၀ ထက် မနည်းရှိပါတယ်။ ဒါနဲ့ မထိန်းနိုင်တော့လို့ ထိုင်းစစ်တပ်ကနေ ပါ ၀င် ထိန်းလိုက်ရပါတယ်။သနတ်သံတွေကိုလည်း ကြားရပါတယ်"လို့  အနီး အနား မှာနေတဲ့  တစ်ယောက် က ပြောပြပါတယ်။
နောက်ထပ်ဘာသတင်းမှမကြားသေးပါ။
သတင်း-စောကျော်ခွိ

No comments:
Post a Comment