လွန်ခဲ့သော နှစ်ပေါင်း ၄၅နှစ်ခန့် ဘုရားဟောင်းမှ စေတီတစ်ဆူပေါ်ထွက်လာ ဧရာဝတီတိုင်း ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ် နတ်စင် ဝကျေးရွာကွင်း အမှတ်(၁၂၃၊ AN ဦးပိုင်အမှတ်၁၄/၁ အတွင်းလယ်သမားကြီးဦးမင်းအောင် လုပ်ပိုင်ခွင့်ရ လယ် ယာမြေအတွင်းရှိ ရှေးဟောင်းဘုရားကုန်းဟောင်း အတွင်း မှ ကျေးရွာသူတစ်ဦး တ စ် ရ က် တ ည်း အိပ်မက်(၃)ကြိမ် မက်၍ တူးဖော်ကြည့်ရာတွင် စေတီတစ်ဆူ၏ ထိပ် ပိုင်းပေါ်လာ သည်ကို ဖူးတွေ့ရသော ဖြစ် စဉ်ဖြစ်ပွားခဲ့၍ အဆိုပါ သာသနာ့ နယ်မြေသို့ သွားရောက်၍ သတင်း မှတ်တမ်းယူခဲ့ပါသည်။
လွန်ခဲ့သောနှစ် (၅ဝ)ခန့်က နတ်စင်ဝ ကျေးရွာလယ်သမား ကြီးများ စပါးရိတ်သိမ်း ပြီးဆုံး၍လယ်ယာမြေ ကို မီးရှို့ရှင်းလင်းခဲ့ရာ ထိုဘုရားကုန်း ဟောင်းလည်း အပါအဝင်ဖြစ်ခဲ့ ပါသည်။ထိုစဉ်ကလယ် သမားကြီး ဦးကျော်သိန်းသည် ကုန်းဟောင်းပေါ်၌ ကွန်များသိပ်ခြင်း၊ ကောက်ရိုးပုံခြင်းများ ûပလုပ်နေခဲ့၇ာ ၁၃၂၆ ခုနှစ်တွင် ဘိုးတော်ရသေ့ကြီး ခေါ် ရသေ့ကြီး တစ်ပါး ရောက်ရှိလာ ခဲ့ပြီး''ဤကုန်းတော်သည်ရှေးနှစ် ပေါင်း (၂ဝဝ)ခန့်က ဘုရားကုန်းဖြစ်သည်။ ငါဘုရားတည်ဖို့ လာခဲ့သည်။''ဟုဆိုပြီးသူ၏တပည့်များနှင့် ဘုရားကုန်း တော်အား မြေဆွေးကောက်ရိုးဆွေးများ ဖယ်ရှားခြင်း ûပလုပ်ကာ လယ်ထဲမှ မြေကြီးများသယ်ယူပြီး ကုန်းတော် ကိုမြေညှိ၍ ၁၃၃၁ခုနှစ်တွင် စေတီတစ်ဆူ တည်ထား ခဲ့သည်။
၁၃၄၈ခု နှစ်တွင် ¤င်းစေတီကြီး မြေခခဲ့ပြီး ဘုရား အနီးတစ်ဝိုက် လယ်ယာများပျိုးနုတ်၊ ကောက်စိုက် သမားများ ထမင်းဝိုင်းစားခြင်း နားနေခြင်း များသာ ûပလုပ်ခဲ့ကြပြီးနှစ်ကြာလာ ၍ကုန်းတော်ကို ခြုံနွယ်များဖုံး လွှမ်းခဲ့ကာ နှစ်ပေါင်း၂ဝ ကျော် ကြွတ်တူးသမားများ လယ်ကြွက်ထောင်သူများ၊ ငှက်ပစ်သမားများသာ ရောက် ရှိကျက်စားခဲ့ကြပါသည်။ ၁၃၇ဝပြည့်နှစ် တပို့တွဲလကွယ်နေ့ည(၂၃၊၂၊၂ဝဝ၉ တနင်္လာနေ့)တွင် နတ်စင်ဝကျေးရွာ အဘဦးစံမောင်၊ အမိဒေါ်ခင်စိန်တို့၏သမီး ကိုနိုင်ထွန်း၏ဇနီး မသန်းသန်းစိုး ၂၆နှစ်သည် တစ်ညတည်းညဥ့်ဦး၂ကြိမ်၊အရုဏ်တက် ၁ကြိမ် စုစုပေါင်း(၃)ကြိမ်တိတိ အိပ်မက်မြင်မက်ခဲ့ရာတွင် အိပ်မက်ထဲ၌ 'နင်တို့ရဲ့မြောက်ဘက်ဘုရား ကုန်းတော် မှာဘုရားပေါ်နေသည် မယုံ လျှင် လိုက်ဖူးဟု ပြော၍ လိုက်ဖူးရာတွင် စေတီတစ် ဆူလုံးဖူးတွေ့ခဲ့ရသည်။' ၃ကြိမ်စလုံး အတူတူပင် ဖြစ် နေ၍ နံနက်လင်း၌ အိမ် သားများကို ပြောပြခဲ့၍ မသန်းသန်းစိုး၏မောင် ကိုသိန်းထိုက်မှ ဘုရားကုန်း တွင် သွားရောက်ကြည့် ရှုခဲ့ရာ ငှက်ပျောဖူးဟု ယူဆ ရသော အရာတစ်ခုတွေ့ခဲ့ရ သည်။
ကျေးရွာရပ်မိရပ်ဖ တစ်ဦးဖြစ်သော ဂေါပက လူကြီး ဦးလှကြည်နှင့် ကျေး ရွာအဖွဲ့အစည်းတာဝန်ရှိသူများက နတ်စင်ဝဆရာတော် ကြီးအား လျှောက်ထားပြီး ( ၂၈၊၂၊၂ဝဝ၉ စနေနေ့) နေ့လည် ၂နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးကာ နတ်စင်ဝ ဆရာတော်ကြီး၏ သြဝါဒကို ခံယူ၍ ထိုပေါ်တော် မူစေတီတော်အား အများပြည်သူ ဖူးမျှော်နိုင်ကြရန် တူးဖော်၍ အစီအမံများûပလုပ်ခဲ့ကြသည်။ အဆိုပါပေါ်တော်မူစေတီ၏ လက်ရှိမြေပေါ်သို့ ပေါ်ထွက်နေသောအစိတ်အပိုင်းမှာဥာဏ်တော်အမြင့် ၃၇ လက်မ၊ ငှက်ပျောဖူးထိပ်ဝ ၅လက်မ၊ငှက်ပျောဖူး လုံးပတ် ၃၄လက်မ၊ သပိတ်မှောက်ခေါင်းလောင်းတော် အကျယ် ၈၇လက်မဖြစ်ပြီးနေ့စဉ်ကျိုက်လတ်မြို့ပေါ်နှင့် ကျေးရွာများ မှဘုရားလာသူများပြားပြီးစေတနာအ လျောက်လှူဒါန်း ငွေများ သိန်း၈ဝကျော်ရရှိခဲ့၍ မြို့နယ်အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနှင့်မြို့နယ် သံဃာနာယကဆရာ တော်ကြီးများကြီးကြပ်မှုဖြင့် ဘဏ်၌ စနစ်တကျအပ်နှံ ထားရှိကာ ကျေးရွာလူကြီးများမှလည်း ဘုရားဖူးလာသူများ အတွက် ယာယီဓမ္မသာလာဇရပ် ဆောက်လုပ်ပေးထားပြီး မြို့ပေါ်မှလည်း စေတနာရှင်များ က စက်တပ်ရေယာဉ်များ ဖြင့် အခမဲ့ပို့ဆောင်ကုသိုလ်ûပ လျက်ရှိကြောင်းတင်ပြလိုက် ရပါသည်။
ဓမ္မပါလမြို့သား
http://www.snapshot-news.com/modules.php?name=News&file=article&sid=18898

No comments:
Post a Comment