Wednesday, April 08, 2009

ဗြိတိန်ဝန်ကြီးဌာနတစ်ခု၏ ဝက်ဘ်ဆိုက်ဒ်ကို ဂျပန်အပြာဝက်ဘ်ဆိုက်ဒ်နှင့် ချိတ်ဆက်ပေးခံလိုက်ရ


ဗြိတိန်အစိုးရ၏ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဒ်တစ်ခုမှ Link တစ်ခုကို လိင်ဆက်ဆံခြင်း အသားပေး ဖော်ပြသည့် ဂျပန်အပြာဝက်ဆိုက်ဒ်အား ချိတ်ဆက်ပေးခြင်း ခံလိုက်ရသည်ဟု ယမန်နေ့က AFP သတင်းများတွင် ဖော်ပြပါရှိသည်။

ဗိတိန် ပြည်ထဲရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဒ်၏ အားနည်းချက်အချို့ကို အခွင့်ကောင်းယူကာ အွန်လိုင်းတိုက်ခိုက်သူ Hacker များက ယခုကဲ့သို့ အနှောင့်အယှက်ပေးသွားခြင်းဖြစ်သည်။ အင်တာနက်သုံးစွဲသူတစ်ဦးက ထို Link ကို သတိထားမိသဖြင့် BBC သတင်းဌာနသို့ အကြောင်းကြားခဲ့ပြီး BBC က ပြည်ထဲရေးကို အကြောင်းကြား အသိပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထို Link သည် မူလက ပြင်ပဝက်ဘ်ဆိုက်ဒ်တစ်ခုဖြစ်သည့် Technical Advisory Board ကို ချိတ်ဆက်ထားခြင်းဖြစ်သည်။

ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က “မနေ့က ကျွန်တော်တို့ကို ဝက်ဘ်ဆိုဒ်ကို တိုက်ခိုက်ထားတယ်လို့ အသိပေးတာနဲ့ ချက်ချင်းပဲ ပြန်ပြင်ဆင်လိုက်နိုင်ပါတယ်။ အခုတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါပြီ” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ ယခုဖြစ်ရပ်သည် ဗြိတိန်အစိုးရဝက်ဆိုက်ဒ်များအား ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်သည်။



Source : AFP

No comments: