Wednesday, April 08, 2009

နအဖနဲ့ဒီကေဘီအေတပ်တွေ၊ကေအင်ယူတပ်ရင်း၂၀၁ဝေါ်လေခီးစခန်းကိုဝင်တိုက်


ဝေါ်လေခီးစခန်းနဲ့ ကပ်ရက်ထိုင်းဖက်အခြမ်း၊ဖဒီရွာကရွာသားတွေ၊ရွာကထွက်ပြီးပုန်းအောင်းနေရ။


နအဖနဲ့ ဒီကေဘီအေတပ်တွေ၊ကေအင်ယူစခန်းကိုတိုက်ရင်း၊ ထိုင်းဖက်ကိုမကျော်လာရအောင်၊ ထိုင်းစစ်တပ်ကြိုတင်ပြင်ဆင်နေ။


နယ်စပ်မှာတိုက်ပွဲဖြစ်နိုင်တာမို့ ၊ထိုင်းစစ်တပ်ကလုံခြုံရေးတင်ကြပ်ထား။

နအဖနဲ့ဒီကေဘီအေတပ်တွေ၊ကေအင်ယူတပ်ရင်း၂၀၁ဝေါ်လေခီးစခန်းကိုဝင်တိုက်ရန်ချဉ်းကပ်၊ ထိုင်းဖက်ကလုံခြုံရေးတင်းကြပ်။

ကေအင်ယူတပ်မဟာ၆နယ်မြေအထဲက၊ထိုင်း၊မြန်မာနယ်စပ်မှာနောက်ဆုံးတခုပဲကျန်တော့တဲ့၊တပ်ရင်း၂၀၁ရဲ့ဝေါ်လေခီးစခန်းကို တိုက်ခိုက်၊သိမ်းယူဖို့အတွက်နအဖနဲ့သူ့ရဲ့မဟာမိတ်ဒီကေဘီအေတပ်တွေက၊ဝေါ်လေခီးစခန်းကိုဒီနေမနက်အစောပိုင်းမှာချဉ်းကပ် လာပါတယ်။

မြန်မာစစ်တပ်ဟာဝေါ်လေခီးအနောက်ဖက်အခြမ်း၊ဘုရင့်နောင်တောင်ကုန်းဖက်က၊ဒီကေဘီအေက၊ဝေါ်လေခီးမြောက်ဖက်ကနေချဉ်း ကပ်လာရာမှာကေအင်ယူရှေ့တန်းပွိုင့်နဲ့ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။

ကနေ့ညနေပိုင်းလောက်မှာနအဖနဲ့ဒီကေဘီအေတပ်တွေက၊ဝေါ်လေခီးကိုဝင်တိုက်နိုင်တယ်လို့ထိုင်းစစ်တပ်ကတွက်ဆတာကြောင့်
ရွာသားတွေသတိနဲ့နေကြဖို့နဲ့မော်တာကျည်တွေမတော်တဆထိုင်းဖက်ကိုကျလာရင်ဗုံးခိုကျင်းတွေထဲဝင်နေဖို့၊တိုက်ပွဲကသိပ်ပြီး ပြင်ထန်ရင်၊နယ်စပ်နဲ့အလှမ်းဝေးတဲ့တခြားထိုင်းရွာတွေကိုခေတ္တပြောင်းရွှေ့နေထိုင်ဖိုအတွက်ရွာသားတွေကိုသတိပေးနှိုးဆော်ထား ပါတယ်။

သတင်း။ ။ အင်ဒါမန်ဟီးရိုး



နောက်ဆက်တွဲသတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဝေါ်လေခီး အရပ်ရှိ တပ်ရင်း (၂၀၁) တပ်စခန်းကို သိမ်းပိုက်နိုင်ရန် အတွက် ယနေ့ နံနက် (၆) နာရီမှ စတင်ကာ နအဖတပ်နှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့ဝင်များက လက်နက်ကြီး လက်နက်ငယ် များဖြင့် ထိုးစစ်ဆင်လျက်ရှိသည်။

မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့် အကွာအဝေးရှိ၊ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) စခန်းကို နအဖ ခမရ (၃၅၆) နှင့် ဒီကေဘီအေ တပ်ရင်း (၉၀၇) ပူးပေါင်းအဖွဲ့မှ အပြင်းအထန် ထိုးစစ်သော်လည်း မိမိဘက်မှ ကြံ့ကြံ့ခံရင်ဆိုင်တိုက်ပွဲဝင်လျက်ရှိသည်ဟု တပ်ရင်း (၂၀၁) ၏ ဒု-တပ်ရင်းမှူး ဗိုလ်ကြီးဘူးဖော်က ပြောသည်။

၎င်းက “ဒီနေ့ မနက် (၆) နာရီကနေ လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်တယ်။ အခုအခြေအနေကတော့ တင်းမာနေ တုန်းပဲ။ တိုက်ပွဲအနေအထားကိုတော့ အခု ပြောလို့မရသေးဘူး၊ ကျနော်တို့ကတော့ ခုခံကာကွယ်စစ်နဲ့ ကြံ့ကြံ့ခံရင် ဆိုင်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီးတဦးက “ဒီကိစ္စ ဒီလိုဖြစ်ရတာက နောက်ကျော ကနေ ဓားနဲ့အထိုးခံရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒီကိစ္စကို သစ္စာဖောက် လမ်းပြဦးဆောင်မှုနဲ့ တိုက်တာ ဖြစ်တယ်။ အခုလာတိုက်တဲ့ အဖွဲ့က တယောက် မိုင်းထိသွားတယ်။ လမ်းပြလား ဒီကေဘီအေလားတော့ မသိဘူး။ နအဖ ခမရ (၃၅၆) ကတော့ အနောက်ကနေ လက်နက်ကြီးတွေနဲ့ ကူပစ်ပေးတယ်။ ထိပ်တိုက်တက်လာတာကတော့ ဒီကေဘီအေပဲ” ဟု ပြောသည်။

မဲဆောက်မှ ကရင်ဓမ္မဆရာကြီးတဦးကလည်း “ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိတဲ့လူတွေ သူများမြှောက်ပေးတိုင်း လုပ်တယ်။ နောက်ဆိုရင် ကရင်လူမျိုးတွေဟာ အရင် နအဖ စစ်ဆင်ရေးမှူး ဗိုလ်ချုပ်မောင်လှ မြပတိုင်ရွာမှာ ပြောခဲ့သလို နောက်ကို ဆိုရင် ကရင်မြင်ချင်ရင် ပြတိုက်ထဲမှာပဲ သွားကြည့်ရတော့မယ်ဆိုတဲ့ ကိန်းဆိုက်တော့မယ်၊ ကရင်တွေ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ကိုယ့်အခြေအနေကို ကိုယ်သိဖို့လိုတယ်” ဟု ပြောသည်။

ယမန်နေ့ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) ၏ ရှေ့တန်းကာကင်းစခန်းတခု ကို နအဖ တပ်နှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့က သိမ်းပိုက်ခဲ့ပြီး ယနေ့နံနက်တွင် တပ်ရင်း ဌာနချုပ်စခန်းအား ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်သည်။

ယနေ့မွန်းလွဲပိုင်းတွင် တိုက်ပွဲအခြေအနေမှာ ပုံမှန်ကြိုကြားတိုက်ခိုက်မှုများရှိသော်လည်း နှစ်ဖက်အခြေအနေမှာ ဆိုးဆိုးရွားရွားအနေအထားများ မရှိသေးကြောင်း သိရှိရပြီး တိုက်ပွဲဖြစ်ပွားရာဒေသ၏ ထိုင်းဘက်ခြမ်းတွင် ထိုင်းဘက်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားပြီး တပ်လှန့်ထားသည်။

No comments: