Tuesday, April 28, 2009

မြန်မာလူငယ်များ ဖိလစ်ပိုင် နိုင်ငံတွင် လေယာဉ်မှူး သင်တန်း တက်ရောက်နိုင်ပြီ

ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် လေကြောင်း သင်တန်းကျောင်း တစ်ကျောင်းဖြစ်သည့် Cyclone Flying School သို့ အမေရိကန် ဒေါ်လာ (၄)သောင်း စရိတ်ငြိမ်း ပေးသွင်းပြီးမြန်မာလူငယ်များ အနေဖြင့် လေယာဉ်မှူးသင်တန်းတက်ရောက် နိုင်ပြီဖြစ်ကြောင်း ၄င်းသင်တန်းကျောင်းမှကျောင်းအုပ် Capt.Harris E. Campsagrade ကရန်ကုန်မြို့ရှိ စာနယ်ဇင်း များအား ယနေ့ပြောကြားသည်။

အသက်(၁၇)နှစ်မှ အသက်(၄ဝ)အထိ ကျား၊မ မရွေးတက်ရောက်နိုင်ပြီး ပညာအရည်အချင်း ကန့်သတ်ထားခြင်းမရှိဘဲ သင်တန်းကာလမှာ (၈)လဖြစ်ကြောင်းသိရသည်။ ကိုယ်လက် ကျန်းမာကြံ့ခိုင်ရန်လိုအပ်ပြီး အရောင်ကန်းခြင်း (colour blind)မဖြစ်ရန် အထူးအရေးကြီး သည်ဟုဆိုသည်။ စိတ်ပါဝင်စားသူ များအနေဖြင့် Myanmar Golden Bridge Co.Ltd အမှတ်(၁၃၃/စီ)၊ မဉ္ဇူ(၃)လမ်း၊ ပါရမီ၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်၊ ဖုန်း (ဝ၉-၅ဝ၄ဝ၇၈၄)နှင့် (ဝ၁-၅၆ဝ၇၂၅)သို့ဆက်သွယ်မေးမြန်းနိုင်ပြီး ၄င်းလေကြောင်း သင်တန်း၏ ဝဘ်ဆိုက် www.cycloneairways.com တွင်လည်းလေ့လာဖတ်ရှုနိုင်ကြောင်း သတင်းရရှိသည်။

http://www.snapshot-news.com

No comments: