Thursday, May 07, 2009

ဝက်တုပ်ကွေး ဖြစ်ပွားမှုကြောင့် အကူအညီ ပေးရေး အမေရိကန် ရေတပ်သင်္ဘော ယာယီ ရပ်ဆိုင်း

တောင်ပစိဖိတ်ဒေသသို့ ရိက္ခာအကူအညီပေးရန် သွားရောက်မည့် အမေရိကန်ရေတပ်သင်္ဘောတစ် စင်းပေါ်ရှိ သင်္ဘောသားတစ်ဦးတွင် ၀က်တုပ်ကွေးရောဂါဖြစ်ပွားသော လက္ခဏာ တွေ့ရှိမှုကြောင့် အကူအညီပေး ရေးအစီအစဉ်ကို ယာယီရွှေ့ဆိုင်းလိုက်ကြောင်း အမေရိကန် ရေတပ် တာဝန်ရှိ သူများကဆိုသည်။ ကာလီဖိုးနီးယား အခြေစိုက် အဆိုပါ USS Dubuque သင်္ဘောပေါ်ရှိ အခြား သင်္ဘောသား ၅၀ နီးပါး ခန့်တွင်လည်း H1N1 ဗိုင်းရပ်စ် လက္ခဏာတွေ့ရှိထားသဖြင့် အကူအညီ ပေးရေးမစ်ရှင်သင်္ဘောထွက်ခွာမည့် အစီအစဉ်ကို အလှည့် အပြောင်း များပြုလုပ်သွားမည်ဟု ရေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားသည်။ အဆိုပါ USS Dubuque အကူအညီ ပေးရေးမစ်ရှင် သင်္ဘော သည် အမေရိက-ပစိဖိတ် ပူးပေါင်း ဆောင်ရွက်ရေး လူသားချင်းဆိုင်ရာ အစီအစဉ်အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ဇွန်လစောစောပိုင်း၌ ဆာမိုအာ၊ ဆော်လမွန်ကျွန်း၊ တွန်ဂါ၊ ကီရီဘာတီနှင့် မာရှယ်ကျွန်းများသို့ ထွက်ခွာရန် စီစဉ်ထားပြီးဖြစ်သည်။


သတင်း-MMIC

No comments: