ဘန်ကောက်တွင် ဆွန်ခန်ပွဲတော် ကာလ သွေးစွန်းသော ဆန္ဒပြပွဲများပြီးနောက် ထိုင်းလူမျိုးတစ်ချိုကမြန်မာ လူမျိုးတို့ ကိုရန်ပြုတိုက်ခိုက်ခြင်းများ အကြောင်းမဲ့ရန်စခြင်းများ ဈေးဝယ်သူများအားသူခိုးဟု စွပ်စွဲပြီး ရဲလက်အပ်ကာ လျှော်ကြေးအဆမတန်တောင်းခြင်းများ ဖြစ်ပွားနေသည် ဟုသိရသည်။
မဲဆောက်တွင် ဆိုင်ဖွင့်ထားသည့် မြန်မာလူမျိုးတစ်ဦးက “ပြီးတဲ့တစ်ပတ်က ဘန်ဖဒီး မှာ မြန်မာစစ်တပ်ကပစ် လိုက်လို့ ထိုင်းစစ်သားနှစ်ယောက် ထိသွားကတည်းက ဒီကိစ္စစတာ ” ဟုပြောသည်။ဘန်ကောက် ပသူနမ် ဘက်တွင်မူ ညအချိန်မြန်မာများ အပြင်ထွက်ပါက ဆိုင်ကယ်စီးလမ်းသရဲများက လိုက်လံနှောင့် ယှက်ကာ ကစ္စည်းယူ ထွက်ပြေးမှုများရှိသည် ။
ဘန်ကောက် မဟာချိုင် နှင့် မဲဆောက်တွင် မူ အလုပ်ရှင်များက မြန်မာအလုပ်သမားများအား ဧပြီလလုပ်ခလစာ အားပိတ်ရက်များသည် ဟု အကြောင်းပြကာ မပေးဘဲထားမှုများ ရှိသည်။ မဲဆောက် ရှိအရောင်းဆိုင် တစ်ချို့ကမူ မြန်မာများပစ္စည်း ကိုင်ကြည့်ပြီး မ၀ယ်လျှင် သူခိုးဟု စွပ်ဆွဲကာ ရဲလက်အပှ်ု၍ အဆမတန် လျှော်ကြေးတောင်းမှုများရှိသည်။
ထိုသို့ သူခိုးဟုစွပ်ဆွဲခံရကာ ရဲလက်အပ်ခံရသူတစ်ဦးက“သမီးတို့ ရန်ကုန်ကနေ မြ၀တီက တစ်ဆင့် မဲဆောက်မှာ ဈေးလာဝယ်တာ ချစ်ကြည်ရေးတံတားနားက ဈေးဆိုင်မှာ ဒီဗီဒီစက် ဈေးမေးပြီးကိုင်ကြည့်တာ နောက်မ၀ယ်ဖြစ်တော့ ဆိုင်ရှင်က နောက်ကလိုက်လာ ပြီးစက် ကိုလာပေးတယ် ဈေးလျှော့ပေးမယ်ပေါ့ နောက်မှ ၀ယ်မယ်ပြောတော့ စက်ကိုလက်ထဲ အတင်းထည့်ပေးပြီး သူတို့ ထိုင်းလို သူခိုး လို့ အော်ပြီး ရဲကို တိုင်တယ်။ရဲစခန်းရောက်တော့ ၃၅၀၀ တန်တဲ့ ဒီဗီဒီ ရဲ့ တန်ကြေးအဆနှစ်ဆယ်မပေးနိုင်ရင် အချုပ်ထဲထည့်ထားမယ်ပြီးရင် ရုံးတင်ပြီး အမိန့်ချရင် ထောင် တစ်နှစ်ကျမယ် ဆိုလို့ ပါသမျှငွေ အကုန်ထည့်ပေးလိုက်ရတယ် ”ဟုပြောသည်။
ရနောင်းတွင် အလုပ်လုပ်နေသောမြန်မာ လူငယ်တစ်ဦးက “ကျွန်တော်က ကွန်ပျူတာဆိုင်မှာကွန်ပျူတာ သွားအပ်တာ ဂရန်တီ မကုန်သေးလို့  ဆိုင်ကမန်နေဂျာက မြန်မာ ဆိုရင်မပြင်ပေးဘူးပြန်ယူသွားဆိုပြီးပြောတယ်”ဟုသူကပြောပြသည်။
မဲဆောက် နှင့် ရနောင်းတွင် မြန်မာလူမျိုးများအား ထိုင်းရဲ ၊ထောမောင်း ခေါ် လ၀က နှင့် ထောက်လှမ်းရေး တို့ က နေ့ စဉ်ရက်ဆက်ဖမ်းဆီးနေပြီး ဖမ်းဆီးမိသူ များအား အနည်းဆုံး
ဘတ် ၅၀၀၀ ပေး၍ မရွေးနိုင်ပါက ထောင်ဒဏ်ချမှတ်သည်။
ထိုင်းနိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စီးပွားရေးကျဆင်းလာသဖြင့် ထိုင်းလူမျိုး တစ်ချို့ က မြန်မာလူမျိုးများကို ပို၍ အညှိုးထားလာကြသည်။ယမန်နေ့ ကလည်း ဆိုင်ကယ်စီးလာသောထိုင်းလူငယ် များက မြန်မာလူငယ်များအားအကြောင်းမဲ့ ၀င်တိုက်မှု တစ်ရပ် မဲဆောက်မြို့လယ်ခေါင်တွင်ဖြစ်ပွားခဲ့သည်။
သတင်း-http://longwalktofreedom.wordpress.com

No comments:
Post a Comment