Wednesday, May 13, 2009

ရုရှား၏ နစ်မြှပ်သွားသော နျူကလီးယား ရေငုပ်သဘောင်္ကြောင့် အခြားသော ချာနိုဘိုင်း နျူကလီးယား ဘေးအန္တရာယ်

ကမ္ဘာတွင် ခေတ်အမီဆုံး နျူကလီးယား ရေငုပ်သဘောင်္ ကွန်ဆိုမိုလက်သည် လွန်ခဲ့ သော နှစ် ၂၀က နော်ဝေးကမ်းလွန် နိုင်ငံတကာ ရေပိုင်နက်ထဲတွင် နစ်မြုပ်ခဲ့ သည်။ ရေငုပ်သဘောင်္တွင် နျူကလီးယားဓါတ်ပေါင်းဖို တစ်လုံးနှင့် နျူကလီးယား ထိပ်ဖူးတပ်ဒုံးကျည် များ တပ်ဆင်ထားရာ အချိန်မရွေး ရေဒီယို သတ္တိရုပ်လုံးကြွဓါတ်များ အကြီးအကျယ် ပြန့်လွင့် နိုင်သည်။ ဆိုဗီယက်ယူနီယံ၏ ထိုအချိန်က ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဒီမီထရေးယာဇော့ဗ် က ရေငုပ်သင်္ဘော၏ အခန်းအမှတ် ၇ တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ပြောခဲ့သည်။ သဘောင်္သားများသည် မီးကို ငြိမ်းသတ်ရန် နာရီပေါင်းများစွာ ကြိုးပမ်းခဲ့ကြသည်။ သို့သော် အောင်မြင်မှု မရှိခဲ့ချေ။ ထို့နောက် ရေငုပ်သဘောင်္နစ်မြုပ်ခဲ့သည်။ သဘောင်္နစ်ပြီး ၃ နာရီ အကြာတွင် ဆိုဗီယက်ရေတပ်သဘောင်္တစ်စင်း ရောက်ရှိလာသည်။ အခြား သဘောင်္များလည်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာခဲ့သည်။ ရေတပ်သားအများအပြား သေဆုံးခဲ့ကြသည်။

အစိုးရနှင့် ထိပ်တန်းကျွမ်းကျင်သူများသည် ထိုကြေကွဲဖွယ် အဖြစ်အပျက်၏ အကြောင်းအရင်းကို သိကြမည်ဖြစ်သည်။ ဆိုဗီယက် သုတေသနသဘောင်္ Keldysh သည် ရေနက်သွား သဘောင်္အကူအညီဖြင့် ရေငုပ်သဘောင်္ကို ရှာဖွေရန်ရောက်ရှိလာခဲ့သည်။

ပါမေက္ခအိုင်ဂါ မီဟာဆက်ဗ်က သုတေသနသဘောင်္သည် ရေအောက်ကြမ်းပြင် အနှံ့ကို ရှာဖွေမည်ဖြစ်သည်။ ကျွမ်းကျင်သူ ၃ ဦးသည် ရေနက်သွားသဘောင်္ Mir-1ဖြင့် ၁၁ နာရီအကြာ ပင်လယ်ကြမ်းပြင်တွင် ရေငုပ်သဘောင်္ကို ရှာခဲ့သည်။ သို့သော်လည်း ထိုအဖွဲ့သည် ရေငုပ်သဘောင်္ကို ရှာခဲ့သည်။ သို့သော်လည်း ထိုအဖွဲ့သည် ရေငုပ်သဘောင်္ကို ရှာဖွေမတွေ့ရှိခဲ့ချေ။ အခြားကျွမ်းကျင်သူ သုံးဦးသည် Mir 2 သဘောင်္ဖြင့် ရှာဖွေပြန်ရာ ထိုအဖွဲ့သည် ရေငုပ်သဘောင်္ကို အမှတ်မထင် တွေ့ခဲ့ကြသည်။ ရေငုပ်သဘောင်္သည် ပင်လယ်ကြမ်းပြင် ရွံ့ဗွက်ကြားထဲတွင် ၂.၅ မီတာခန့် ထိုးဝင်နစ်မြုပ်နေပြီး ကိုယ်ထည်၏ ရှေ့ပိုင်း ပျက်စီးနေသည်ကို တွေ့ရသည်။ သဘောင်္၏ ပန်ကာနှင့် နောက်ပိုင်းသည် အခြေအနေမပျက် အကောင်းပကတိ ဖြစ်နေသည်။ အသက်ကယ်အိတ်ကလေးကို ရေငုပ် သဘောင်္မှ မီတာ၁၀၀အကွာတွင် တွေ့ရှိရသည်။ ထိုအသက်ကယ် အိတ်ကလေးသည် အပေါ် ပိုင်းပွင့်နေသည်။ ကွန်ဆိုမိုလက် သဘောင်္ပေါ် မီးလောင်မှုသည် ရေအောက်မီတာ ၃၈၆အနက် ၁၉၈၉ ဧပြီလ ၇ရက်နေ့ နံနက် ၁၁ နာရီ ၃ မိနစ်တွင် မီးလောင်ခဲ့သည်။ သဘောင်္ရေပေါ် တက်လာသည်။ သို့သော်လည်း မီးက အကြီးအကျယ် လောင်ကျွမ်းခဲ့သည်။ အပူချိန်သည် အလွန်မြင့်တက်နေပြီး ဖိအားပေးမှု လွန်စွာတိုးလာသည်။ သဘောင်္သားများ မည်သို့မျှ မတတ်နိုင်ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် သဘောင်္ထဲ ရေများဝင်လာသည်။ အလျင်အမြန်ပင် သဘောင်္နစ်မြှပ်သွားခဲ့သည်။ သဘောင်္သားများသည် အခန်းထဲတွင် ကာဗွန်မိုနိုအောက်ဆိုက် ဓါတ်ငွေ့များ တိုးပွားလာသဖြင့် မျက်နှာဖုံးစွပ်များ ၀တ်ဆင်ထားကြရသည်။ သို့သော်လည်း အပူချိန်မြင့်မားသဖြင့် မျက်နှာဖုံးစွပ်များ အရည်ပျော်ကုန်သည်။



ဆိုဗီယက် ဒုတိယဗိုလ်ချုပ်ကြီး တင်ဂျစ်ဇ်ဘော်ရစ်ဆော့ဗ်က ရေငုပ်သဘောင်္ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခြင်း မရှိသည်ကို တွေ့ရပြီးနောက် ရေငုပ်သဘောင်္ကို ဆယ်ယူမည်ဟု ပြောကြားခဲ့သည်။ တန်ချိန် ၅၀၀၀ ရှိ အရှည် ၁၁၂ပေရှိသော ရေငုပ်သဘောင်္ သည်ရေအောက်မီတာ ၁၆၈၅တွင် ရောက်ရှိနေသည်။ ဒတ်ခ်ျကုမ္ပဏီက ရေငုပ်သဘောင်္ကို ဆယ်ယူရန် ကမ်းလှမ်းခဲ့သည်။ ဆယ်ယူရေး စီးမံချက်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျမည်ဖြစ်သည်။ ဆိုဗီယက်တို့သည် ဒတ်ခ်ျတို့၏ ဆယ်ယူရေး ကိရိယာများ ၀ယ်ယူ၍ သူတို့ကိုယ်တိုင်ဆယ်ယူရန် စီမံခဲ့သည်။ သို့သော်လည်း ဆယ်ယူရေး စီမံချက်များ အားလုံး လက်လျော့လိုက်သည် ရေငုပ်သဘောင်္သည် အကြီးအကျယ် ပျက်ဆီးနေသည်။ သဘောင်္တွင် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်၂စင်း တပ်ဆင်ထားပြီး သမရိုးကျတိုပီဒိုအလက် ၂၀ ပါဝင်သည်။ နျူကလီးယား ဓါတ်ပေါင်းဖိုတွင် လူကို အန္တရာယ်ပေးနိုင်လောက်သော လောင်စာများ ကျန်ရှိသည်။ ငါးလုပ်ငန်း ဌာနသည် ထိုဒေသတွင် ပလူတိုနီယမ် ၂၃၉ ဓါတ်ငွေ့ နှစ်ပေါင်း ၇၀၀ အတွင်းထွက်ရှိလိမ့်မည်ဟု ဟောကိန်းထုတ်သည်။ ထိုပစ္စည်းများသည် နှစ်ပေါင်း ၂၀၀၀၀၀ကြာ လုံခြုံစွာ မပျက်မစီး တည်ရှိနေဦးမည်။ နိုင်ငံခြားတိုင်းပြည် အစိုးရများ ကရေငုပ်သဘောင်္သည် ရေဒီယိုသတ္တိကြွဓါတ် ထုတ်လွှင့်ရာ နေရာဖြစ်လာမည်ကို စိုးရိမ်နေကြ သည်။ မည်သို့ပင်ဖြစ်စေ ဆိုဗီယက် အစိုးရကမူ ရေငုပ်သဘောင်္ကို သံချေးမတက်နိုင်သည့် တိုက်တေနီယံ သတ္တုဖြင့် ပြုလုပ်ထားသည်ဟု ပြောကြားခဲ့သည်။ တိုက်တေနီယံ သတ္တုသည် ဤသဘောင်္ကိစ္စတွင် အကြီးမားဆုံး ဒုက္ခပေးလာနိုင်သည်။ တိုက်စားမှုကြောင့် အခြားသော သံနှင့် သတ္တုများ အလျင်အမြန် ပျက်စီးသွားနိုင်သည် ဖြစ်ရာ ကွန်ဆိုမိုလက် သဘောင်္နစ်မြုပ်မှုသည် အခြားသော ချာနိုဘိုင်နျူကလီးယား ဘေးဒုက္ခမျိုး ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားလျက်ရှိသည်။


သတင်း-MMIC

No comments: