Wednesday, May 06, 2009

မင်္ဂလာ ဧည့်ခံပွဲ တစ်ခု၌ လက်နက်ကိုင် တိုက်ခိုက်ခံရ၍ လူ ၄၄ ဦး သေဆုံး

တူရကီ နိုင်ငံ အရှေ့တောင် ဘက်ပိုင်းတွင် ယမန်နေ့က မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနား တစ်ရပ် ကျင်းပ နေစဉ် လက်နက်ကိုင် လူတစ်စု၏ ၀င်ရောက် တိုက်ခိုက် ခံရမှုကြောင့် အနည်းဆုံး လူ ၄၄ ဦး သေဆုံး၍ အခြားလူ ၁၇ဦး ဒဏ်ရာ ရရှိခဲ့သည်။ Mardin မြို့ အနီးရှိ Bilge ကျေးရွာ အကြီးအကဲ တစ်ဦး၏ သမီးဖြစ်သူ မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနား၌ ဖြစ်ပွားသော ယင်း ဖြစ်ရပ်တွင် သတို့သားနှင့် သတို့သမီး တို့၏ ကံကြမ္မာကို လတ်တလော ရှင်းရှင်းလင်းလင်း မသိရ သေးကြောင်း နိုင်ငံပိုင် အနာတိုလီယာ သတင်း အေဂျင်စီက ပြောဆိုသည်။ လက်နက်ကိုင် တိုက်ခိုက်မှု သည်၁၅ မိနစ် ကြာမြင့် ခဲ့ကြောင်း သိရှိရသည်။ သေဆုံးသူ ဦးရေ မြင့်တက် လာဖွယ် ရှိသည်ဟု ဒေသန္တရ တာဝန် ရှိသူများက ဆိုသည်။

သတင်း-MMIC

No comments: