Wednesday, May 06, 2009

ဖိလစ်ပိုင်တွင် Kujira တိုင်ဖွန်း မုန်တိုင်းကြောင့် သေဆုံးသူ ဦးရေ မြင့်တက်

ဖိလစ်ပိုင် နိုင်ငံ အရှေ့ဘက် ပိုင်းတွင် တိုင်ဖွန်း မုန်တိုင်း ၀င်ရောက် တိုက်ခတ် မှုကြောင့် ရေကြီးမှုနှင့် မြေပြိုကျမှု များဖြစ်ပွား ခဲ့ရာ သေဆုံးသူ ဦးရေ ၂၅ ဦးထိ မြင့်တက် ခဲ့ကြောင်း တာဝန် ရှိသူများက ထုတ်ဖော် ပြောကြားသည်။ လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၁၃၀ နှုန်း ဖြင့် တိုက်ခတ် ခဲ့သော Kujira တိုင်ဖွန်း မုန်တိုင်းကြောင့် နိုင်ငံ အရှေ့ဘက်ပိုင်း Bicol ဒေသရှိ ပြည်နယ် ငါးခုမှ ပြည်သူ နှစ်သိန်း သုံးသောင်းကျော် ဘေးလွတ် ရာသို့ ရွှေ့ပြောင်း ခိုလှုံ ခဲ့ရသည်။ သေဆုံး သူများ အနက် ၂၀ ဦးသည် မြေပြို ကျမှု ဖြစ်ရပ်ကြောင့် သေဆုံး ခဲ့၍ သုံးဦးမှာ ပျောက်ဆုံး နေဆဲ ဖြစ်ပြီး ကျန်နှစ်ဦးသည် ရေကြီးမှုကြောင့် နစ်မြုပ် သေဆုံး ခဲ့ခြင်း ဖြစ်သည်ဟု အမျိုးသား ဘေးဒုက္ခ ညှိနှိုင်း ဆောင်ရွက်ရေး ကောင်စီက ဆိုသည်။

သတင်း-အေအက်ဖ်ပီ

No comments: