ထိုင်းနိုင်ငံအလုပ်သမား ၀န်ကြီးဌာန၀န်ကြီး Paitoon က မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်လာရောက် အလုပ်လုပ်ကိုင်ကြသော ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်သမားကဒ် (ဘတ်) လုပ်ပေးသည့် အချိန်တွင် ကာလာကုဒ် ကဒ်စနစ်ကို အသုံးပြုရန် စီစဉ်နေသည်ဟု ပြောသည်။ ယခုကဲ့သို့ အလုပ်သမား ကဒ်များအား ကာလာကုဒ်ဖြင့် လုပ်သည့်စနစ်သည် ရွှေ့ပြောင်းအလုပ် သမားများအနေနဲ့ အလုပ်တစ်ခုမှ နောက်တစ်ခုသို့ အလွယ်တကူ ပြောင်ရွှေ့၍ မရနိုင်စေရန် ပြုလုပ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အလုပ်သမားကဒ်များအပေါ်၌ ခွဲခြားထားသော အရောင်များသည် အလုပ်ခန့်ထားသည့် ကဏ္ဍများအပေါ် မူတည်၍ကွဲပြား သွားမည်ဖြစ်သည်။ အလုပ်သမားများအား စတင်၍ မှတ်ပုံတင်ပေးမည့်နေ့ကို မသတ်မှတ်ရ သေးသော်လည်း၊ ထိုကိစ္စအား လာမည့် အင်္ဂါနေ့ အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်ကြောင်းလည်း သိရသည်။
ယခုအခါတွင် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၌ မှတ်ပုံတင်၍ အလုပ်လုပ်နေကြသော အလုပ်သမား အရေအတွက်မှာ ငါးသိန်းခန့် ရှိကြောင်းသိရသည်။ အစောပိုင်းကာလများတွင်လည်း တရားမ၀င် အလုပ်သမားများ စီမံကွပ်ကဲရေး ကော်မတီအနေနှင့် ထိုင်းလူမျိုးအလုပ်သမားများ စိတ်ဝင်စားခြင်းမရှိသော ငါးဖမ်းလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်သားရှားပါးမှုတွေ ရှိနေကြောင်းကို ပြောကြားခဲ့ပြီး ဖြစ်သည်။
Mr Paitoonက “အခုလာမယ့် ရွှေ့ပြောင်းအလုပ်သမားတွေကို မှတ်ပုံတင်ပေးမယ့် အချိန်ကတော့ တစ်ကြိမ်တစ်ခါ ရတောင့်ရခဲ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံက အခြားနိုင်ငံ သုံးနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့လည်း စာချုပ်ထဲမှာပါတဲ့ ဥပဒေအတိုင်း တရားဝင် အလုပ်သမားတွေကိုဘဲ အလုပ်ခန့်ထားဖို့ လိုပါတယ်” ဟု ပြောသည်။
(မေလ ၃ရက် ၂၀၀၉ နေ့ Bangkok post တွင်ဖော်ပြထာသည့် COLOUR CODES FOR MIGRANTS အား ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)
ှsources- http://ghre.org

No comments:
Post a Comment