Monday, May 04, 2009

ဝက်တုပ်ကွေး အကြောင်းပြပြီး နယ်စပ်ဂိတ်တင်းကြပ်

နယ်စပ်ဂိတ်တွေ ပိတ်ရင်တော့ စီးပွားရေးသမားတွေအတွက် စိုးရိမ်မယ်ဆိုရင်လဲ စိုးရိမ်စရာပေါ့ဗျာ။ သူတို့က ဒါနဲ့ပဲကြီးပွားနေကြတာလေ။ ၀က်တုပ်ကွေးတော့ ကြောက်တယ်။ မလာနဲ့ မက္ကဆီကို ကိုပြန်သွား .......
ကိုအာဇာနည် ဆိုဒ်က ကူးယူဖော်ပြခြင်းဖြစ်ပါသည်။


ဝက်တုပ်ကွေး အကြောင်းပြပြီး နယ်စပ်ဂိတ်တင်းကြပ်

မက္ကဆီကိုနိုင်ငံက စလိုက်တဲ့ ၀က်တုပ်ကွေးဟာ တစ်ကမ္ဘာလုံးကို နေ့စဉ်နှင့်အမျှ ကူးစက် ပြန့်ပွားလျက်ရှိပါတယ်။ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရော CDC အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနတို့ကပါ ၀က်တုပ်ကွေး ဗိုင်းရပ်သစ် ကာကွယ်ဆေး အတွက် ဆေးကုမ္ပဏီတွေနဲ့ အတူ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ ကုသနိုင်တဲ့ဆေးကိုတော့ ယနေ့အထိ ရှာဖွေမတွေ့ရှိသေးပါဘူး။ ဒီဗိုင်းရပ် ကာကွယ်ဆေး ထုတ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ PATH လို့ခေါ်တဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းက Kathy Nauzil ကတော့ သတင်းကောင်း တခုကို ပြောပါတယ်။ အခု တွေ့ရတဲ့ ၀က်တုပ်ကွေး ဗိုင်းရပ်ရဲ့ မော်လီကျူး ဖွဲ့စည်းမှုကို သုံးသပ် ကြည့်တော့ တကမ္ဘာလုံးမှာ အခု တွေ့နေရတဲ့ ဗိုင်းရပ်က တမျိုးတည်းပဲ ဖြစ်နေတာပါတဲ့…

အဲဒီလို ကာကွယ်ဆေးမရှိသေးတဲ့ ရောဂါဆိုးကြီးဟာ ဥရောပကနေ အာရှကိုလည်း ကူးစက်လာပါပြီ။ အာရှနိုင်ငံများအနက် ၀က်တုပ်ကွေးရောဂါစတင် ဖြစ်ပွားတဲ့နိုင်ငံများက တော့ တရုတ်နဲ့ ယိုးဒယားနိုင်ငံပါ။ မြန်မာနိုင်ငံဟာ တရုတ်၊ ယိုးဒယား နဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်ပြီး စီးပွားရေးအရ ဆက်ဆံမှုအများဆုံးလုပ်နေတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။ ယိုးဒယားမှာ ၀က်တုပ်ကွေးစတင်ဖြစ်ပွား လာလို့ နယ်စပ်တွင်နေထိုင်သူများအဖို့ ၀က်တုပ်ကွေးရောဂါ ယိုးဒယားက တဆင့်ကူးစက်လာမှာကို အလွန်စိုးရိမ်ထိတ်လန့် နေကြပါတယ်။ မြန်မာစစ်အစိုးရ ကလည်းနယ်စပ်ဂိတ်တွေကို တင်းကြပ်ထားပါတယ်။


မဲဆောက်-မြ၀တီနယ်စပ်ဂိတ်

နယ်စပ်မှာ နေထိုင်တဲ့ အလုပ်သမားတစ်ဦးကတော့ `` ဒီမှာတော့ ၀က်တုပ်ကွေးကူးမှာကို အရမ်းလန့်နေကြတာ။ ဂိတ်ကလည်း အခုတစ်လော အရမ်းတင်းကြပ်နေတော့ ပြန်လို့လဲမ ရဘူး။ သူများတွေပြောလို့ mask တော့ဝယ်ထားတယ်။ ဒါပေမဲ့ အလုပ်ထဲမှာဆိုတော့ မစွတ်ထားနိုင်ပါဘူး။ မရှိလို့ ဒီမှာအလုပ်လာလုပ်ပါတယ် ရောဂါရနေမှာလည်း စိုးရသေးတယ် ´´ ဟုပြောပါတယ်။

မဟာချိုင် ငါးသေတ္တာစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတစ်ဦး ကတော့ `` ဒီမှာအလုပ်လုပ်တာတော့ မကြာသေးပါဘူး။ အကိုနဲ့ နှစ်ယောက်အတူလာ တာ။ အကိုက ခဏပြန်သွားတယ်။ အခုထိပြန်မလာသေးဘူး။ ၀က်တုပ်ကွေး ကြောက်လို့လားတော့မသိဘူး။ ဒီမှာ အကိုအတွက် ဘတ်ရိုက်ပေးဖို့လည်းရှိသေးတယ်။ စာရင်းတော့ပေးထားတယ်။ ဂိတ်ကလည်း အခုအ၀င်အထွက်တွေကို ပိတ်ထားတယ်။´´ ဟုပြောပါတယ်။ မဟာချိုင်မှာတော့ ၀က်တုပ်ကွေးကြောင့် မြန်မာအလုပ်သမားတွေ ပြန်မှာကိုစိုးရိမ်နေပြီး အလုပ်သမားကဒ်ထုတ်ပေးမယ်ကြောင်းပြကာ ဆွဲဆောင်ထားရ တယ်လို့ သိရပါတယ်။ ထိုင်းအာဏာပိုင် နဲ့ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များကတော့ နယ်စပ် ဂိတ်တွေမှာ စစ်ဆေးပိတ်ပင်မှုတွေ လုပ်နေတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှာ အထူးစိုးရိမ်လျက်ရှိပါတယ်။ မြန်မာစစ်အစိုးရကတော့ ၀က်တုပ်ကွေးကို အကြောင်းပြပြီး နယ်စပ်ဂိတ်တွေကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားကြောင်း သတင်းရရှိပါတယ်။

No comments: