Tuesday, May 05, 2009

မြန်မာအာဏါပိုင်များ ထိုင်းနိုင်ငံမှ သွင်းလာသော ဝက်သားများကို ဖမ်းဆီး

နယ်စပ်မြို့ ဖြစ်သော ဘုရားသုံးဆူမြို့စစ်ဆေးရေးဂိတ်တွင် မြန်မာအာဏါပိုင်အဖွဲ့ပေါင်းစုံမှ ကြီးကြပ်၍ မေလ(၁)ရက်နေ့မှစတင်ကာ ထိုင်းနိုင်ငံမှဝက်သားဝင်ရောက်မူကို တားမြစ်ဖမ်းဆီးခဲ့သည်။

ထိုင်းဘက်ကမ်းသောကြာနေ့ဈေးတွင် ဈေးဝယ်ပြန်လာသူများရှာဖွေစစ်ဆေးပြီး ဝက်သားများပါလာပါက သိမ်းဆည်းခဲ့ သည်။ ဘုရားသုံးဆူမြို့ဈေးတွင်၎င်း စားသောက်ဆိုင်များ၌၄င်း ဝက်သား၊ ဝက်နှင့်ပက်သက်သောဟင်းလျာများ ရောင်း ချခွင့်မပြုပေ။

မက္ကဆီကိုနိုင်ငံမှ အစပြုဖြစ်ပွါးခဲ့သော H1N1 အမျိုးအစားဝက်တုတ်ကွေး ဗိုင်းရပ်ကူးစက်ရောဂါအရှိန်ကြောင့် မြန်မာ အာဏါပိုင်များက ထိုင်းနိုင်ငံမှဝက်သားဝင်လာမှုကို တားမြစ် ပိတ်ပင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


ထိုင်းဘက်ကမ်းတွင်မူ ဝက်သားများကို သေချာစွာစစ်ဆေးပြီး ရောင်းချနေဆဲဖြစ်သော်လည်း လိုအပ်သောကျန်းမာရေး ပညာပေးမှုအပိုင်း၌ ကျယ်ြပန့်စွာ ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်၊ မြန်မာဘက်ရှိ ဘုရားသုံးဆူမြို့ရှိအဏာပိုင်များမှာ ဝက်သား ရောင်းချမှုပိတ်ပင်ခဲ့သော်လည်း ကျန်းမာရေးပညာပေးမှုများမပြုလုပ်ရသေးဟု ဆေးဝန်ထမ်းတစ်ဦးမှပြောပါသည်။


source - Kaowao News

No comments: