ဧပြီလ ၅ ရက်နေ့က မိမိတို့ ဆက်သွယ်ရေးဆိုင်ရာ ဂြိုလ်တုလွှတ်တင်ခဲ့သည့် ဒုံးပျံ ပစ်လွှတ်မှုကို တာဝေးပစ် ဒုံးကျည်ပစ်လွှတ် စမ်းသပ်သည်ဟု ဆိုကာ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချလျက် အရေးယူ ပိတ်ပင်မှုများကို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့မှု သည်တရားမျှတမှုမရှိသည့် အတွက် လုံခြုံရေးကောင်စီက တောင်းပန်ရမည်စဟု မြောက်ကိုးရီးယား နိုင်ငံက ကြေငြာလိုက်သည်။
ဧပြီလ ၂၉ ရက် ဗုဒ္ဓဟူးနေ့တွင် မြောက်ကိုးရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ရာ၌ ဧပြီလ ၅ ရက်နေ့တွင် မိမိတို့ စမ်းသပ်ခဲ့သော ဆက်သွယ်ရေး ဂြိုလ်တုပစ်လွှတ်သည်ဟု ဆိုကာ စီးပွားရေး ပိတ်ဆို့အရေးယူမှုများ အပါအ၀င် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ခြင်းမှာ တရားမျှတခြင်းမရှိကြောင်း၊ ထို့ကြောင့် ၄င်းဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းနှင့် ပတ်သတ်၍ ပြန်လည်တောင်းပန်ခြင်း မရှိပါက မိမိတို့၏ နျူကလီးယား စမ်းသပ်မှုများနှင့် ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုများကို ပြန်လည်ပြုလုပ်ရမည် ဖြစ်ကြောင်း ထိုကဲ့သို့ ပြုလုပ်ရာမှာလည်း မိမိကိုယ်ကို ကာကွယ်သည့် အနေနှင့် လုပ်ဆောင်ခြင်းသာ ဖြစ်မည်ကြောင်း မြောက်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က မြောကိုးရီးယားနိုင်ငံ၏ ယောင်ဗြွန်းနျူကလီးယား ဓါတ်ပေါင်းဖိုတွင် သုံးစွဲပြီးသား လောင်စာများမှ နျူကလီးယား လက်နက်ထုတ်လုပ်နိုင်သော ပလူတိုနီယံများ ထုတ်လုပ်နေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် မြောက်ကိုးရီးယား ၏ ကုမ္ပဏီ ၃ ခုအား ကုလသမဂ္ဂက နာမည်ပျက် စာရင်းသွင်းသည့် ကြေညာချက် ထုတ်ပြန် ခဲ့ပြီးနောက် ယခုကဲ့သို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာန၏ တောင်းဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

No comments:
Post a Comment