စင်ကာပူ ဝန်ကြီးချုပ်ဟောင်း ဂိုချောက်တောင်သည် ရေကျောက် (Chicken Pox) ပေါက်ကာအဖျားရောဂါ ခံစားနေရသဖြင့် ဆေးရုံတက် ကုသမှုခံယူနေရကြောင်း သိရသည်။
စင်ကာပူ ဝန်ကြီးချုပ်အဖြစ် ၁၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော် ဂိုချောက်တောင်သည် အဖျားကြောင့် ယနေ့တွင် ဆေးရုံတက် ကုသမှုခံယူကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သော်လည်း မည်သည့်ဆေးရုံဖြစ်သည်ကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။ ရေကျောက်(Chicken Pox) ရောဂါသည် ကူးစက်တတ်သော သဘောရှိသဖြင့် ဂိုချောက်တောင်ကို အထူးသီးသန့်ခန်းတွင် ထားရှိသည်ဟုလည်း သိရသည်။ အစိုးရ ကြေညာချက်တွင် “အခြေအနေ တိုးတက်မှုမှာ ကျေနပ်စရာ ကောင်းသဖြင့် တစ်ပတ်အတွင်း ဆေးရုံမှ ဆင်းနိုင်မည်ဟု မျှော်လင့်ရသည်” ဟုပါရှိသည်။
ဂိုချောက်တောင်သည် စင်ကာပူဝန်ကြီးချုပ်ရာထူးကို စင်ကာပူဖခင်ကြီး လီကွမ်ယူးထံမှ ၁၉၉၀ တွင် လွှဲပြောင်းရယူခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် အနားယူခဲ့သည်။ ၄င်းသည် လက်ရှိဝန်ကြီးချုပ် လီရှန်လွန်း (လီကွမ်ယူး၏သား) အစိုးရအဖွဲ့တွင် ဝါရင့်ဝန်ကြီးအဖြစ် တာဝန်ယူထားဆဲဖြစ်သည်။
Source : thanlwin
No comments:
Post a Comment