Tuesday, May 05, 2009

အစ္စရေးစစ်တပ်က ပါလက်စတိုင်း လယ်သမားများအား ပစ်ခတ်

alt

အစ္စရေးစစ်တပ်များ ၏ ပစ်ခတ်မှုကြောင့် ဘေးလွတ်ရာ ရှောင်ရှား ထွက်ပြေး နေသည့် ပါလက်စတိုင်းများ © Suhaib Salem/Reuters

အစ္စရေး စစ်တပ်များ သည် မေလ (၁) ရက်နေ့က ပါလက်စတိုင်း လယ်သမားများ အား ပစ်ခတ် ခဲ့ကြောင်း သိရှိ ရသည်။

ဂါဇာ ကမ်းမြှောင် အရှေ့တောင်ပိုင်း တွင် တပ်စွဲ ထားသည့် အစ္စရေး တပ်စခန်း အနီး ချဉ်းကပ် လာသဖြင့် ယခုလို ပစ်ခတ် ရခြင်းဟု အစ္စရေး စစ်တပ်က ပြောကြား သွားသည်။ ထို လယ်သမားများ သည် အယ်ဖာဟင် ဒေသ တွင် အလုပ်လုပ် နေစဉ် စက်သေနတ်များ နှင့် ပစ်ခတ် ခံရခြင်းဟု မျက်မြင် သက်သေများ က ထုတ်ဖော် ပြောကြား ခဲ့သည်။ အစ္စရေး လုံခြုံရေး ဌာနများ ကမူ ယခု ဖြစ်ရပ် အတွက် တစုံတရာ ထင်ကြေး ပေးမှုမျိုး မရှိသလို လယ်သမားများ သေကြေ ဒါဏ်ရာ ရမှု ရှိမရှိ ကိုလည်း ထုတ်ဖော် ပြောဆို ခဲ့ခြင်း မရှိပေ။ ထို အတော အတွင်း ဂါဇာ ကမ်းမြှောင် မြောက် ဘက်ပိုင်း နှင့် အရှေ့ ဂျူဘီယာ မြို့ များတွင် ပစ်ခတ်မှု နှစ်ခု ဖြစ်ပွားကြောင်း အစ္စရေး အာဏာပိုင်များ က ပြောကြား ခဲ့ပြီး သေဆုံးမှု ရှိမရှိ ကိုလည်း အတည်မပြု နိုင်သေး ကြောင်း ပြောကြား ခဲ့သည်။

ပြီးခဲ့သော နှစ်ကုန်ပိုင်း က စတင် ခဲ့သည့် (၂၂) ရက်ကြာ ဂါဇာ ထိုးစစ် နောက်ပိုင်း အစ္စရေး စစ်တပ် များသည် ထိုဒေသတွင် ဆက်လက် တပ်စွဲမှုများ ရှိ နေဆဲ ဖြစ်ကြောင်း သတင်း ရရှိသည်။



သတင်း- လူထုအသံ

No comments: