တန်ဇန်းနီးယားနိုင်ငံ ဒါအက်ဆလမ်မြို့ အပြင်တွင် ဧပြီ (၂၉)ရက်က စစ်ဘက်ဆိုင်ရာ လက်နက် တိုက်၌ ပေါက်ကွဲမှု ဖြစ်ပွားရာ သုံးဦးသေဆုံးပြီး ၁၅၅ ဦး ဒဏ်ရာရရှိသွားကြောင်း အတည်ပြု ပြောကြားသည်။ ဒဏ်ရာရသွားသူများအနက် ၂၈ ဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း သိရသည်။ ဒါအက်ဆလမ်မြို့လယ် ကောင်မှ ၁၅ ကီလိုမီတာမျှဝေးသော အမ်ဘာဂါလာအရပ်ရှိ လက်နက်တိုင်ရှိရာမှ ပေါက်ကွဲသံများ ကြားရကြောင်း မျက်မြင်ကြားသိသူများက ပြောကြားသည်။
မြို့တော်ရှိ တီမီကီခရိုင်ဆေးရုံသို့ အလောင်းနှင့် ဒဏ်ရာရထားသူ ၁၀၀ကျော် ရောက်ရှိလာကြောင်း ဆေးရုံ အကြီးအကဲ အာရှာမဟီတာက ပြောကြားသည်။ လက်နက်တိုက်တွင် မီးလောင်မှုဖြစ်ပွားရာမှ ပေါက်ကွဲမှုဖြစ်သည် ဟု ယူဆရသည်။ သို့သော် မီးလောင်မှု ဘာကြောင့်ဖြစ်ရသည် ဆိုသောအချက်ကို ပြောကြားရန် စောလွန်းနေ သေးသည်ဟု ရဲတပ်ဖွဲ့အရာရှိ ပေါချာဂွန်ဂျာက ပြောကြားသည်။
ယခုဖြစ်ပွားသော လက်နက်တိုက် ပေါက်ကွဲမှုသည် တန်ဇန်းနီးယား၌ ဒုတိယအကြိမ် ဖြစ်သည်။ ပထမ အကြိမ်သည် ၂၀၀၀ ပြည့်နှစ်က ဒါအက်ဆလမ်မြို့အနီးရှိ ဂွန်ဂိုလာမဘိုတို စစ်အခြေစိုက်စခန်းရှိ လက်နက်တိုက် ပေါက်ကွဲမှုဖြစ်သည်။ ထိုစဉ်က လူအသေအပျောက် မရှိခဲ့ကြောင်း သိရသည်။ ဒုတိယဖြစ်ပွားသော ပေါက်ကွဲမှုတွင် မီးလောင်နေသည့် အစအနများ ပတ်ဝန်းကျင်ရှိ နေအိမ်များပေါ်သို့ ကျသည့်အတွက် မီးလောင်မှုများ ဖြစ်ပွားရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။ ပေါက်ကွဲမှုဖြစ်ပွား ပြီးနောက်ပိုင်းတွင် ပျောက်ဆုံးသွားသော စစ်ဘက်ပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ရန် ရဲတပ်ဖွဲ့က တစ်အိမ် တက်ဆင်း ရှာဖွေသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။ ထိုအဖြစ်အပျက်ကြောင့် ဒုံးလက်နက်များ အပါအ၀င် မပေါက်ကွဲသေးသော ခဲ၊ ယမ်း၊ မီးကျောက်များ အနီးပတ်ဝန်းကျင်သို့ လွင့်စဉ်ကျရောက်လာသည်များ ရှိကြောင်း ဒေသခံများက ပြောကြားသည်။
source- MMIC

No comments:
Post a Comment