အင်္ဂလန်နိုင်ငံ လန်ဒန် မြို့တော်ဝန်က နိုင်ငံတကာ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲတွင် သက္ကရာဇ် ၂၀၁၂ ခု အိုလံပစ် ပွဲတော် ကျင်းပချိန်တွင် လန်ဒန်မြို့သို့ ကမ္ဘာပေါ်တွင် အသန့်ရှင်းဆုံးနှင့် စိမ်းလန်း စိုပြည်ဆုံး မြို့တော် ဖြစ်လာမည်ဟု ထုတ်ဖော် ပြောကြားသည်။ ကမ္ဘာ့ မြို့တော်ပေါင်း ၄၀ ကျော်နှင့် မြူနီစပယ် အဖွဲ့အစည်းပေါင်း ၁၇ ခု တို့သည် ကမ္ဘာကြီး ပူနွေး လာမှုကို တွန်းလှန် တိုက်ဖျက်ရန် ရည်ရွယ်သည့် ထိပ်သီး ဆွေးနွေးပွဲ တစ်ခုကို ယခု အပတ် အတွင်း တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပ လျက်ရှိသည်။ ကမ္ဘာ့ မြို့တော် များသည် စုစုပေါင်း စွမ်းအင်၏ ၇၅% ကို အသုံးပြုပြီးလျှင် ဖန်လုံအိမ် ဓါတ်ငွေ့ ၈၀% ကို ပြန်လည် ထုတ်လွှတ် ကြသည်ဟု ၎င်းက ပြောကြားသည်။ ဤကမ္ဘာမြေ၏ ပြဿနာသည် မြို့ပြ တည်ထောင် ခြင်းနှင့် ဆိုင်၍ အလေး အနက်ထား ကြရန် ၎င်းက တိုက်တွန်းသည်။ လန်ဒန်မြို့တွင် ရှေးကျသော ဒီဇယ် လောင်စာသုံး ဘတ်စ် ကားပေါင်း ၈၃၀၀ နှင့် တက္ကဆီပေါင်း ၃၂၀၀၀ ရှိကြောင်း၊ မကြာမီ ကာလ အတွင်းတွင် လျှပ်စစ် အားသုံး ယာဉ်များ ပေါ်ပေါက် လာရေးကို အထူး ဦးစားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ စက်ဘီးများ ပိုမို သုံးစွဲရေး ကိုလည်း တိုက်တွန်း သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ (အေအက်ဖ်ပီ)Wednesday, May 20, 2009
၂၀၁၂ ခုနှစ်တွင် လန်ဒန်သည် ပတ်ဝန်းကျင် သန့်ရှင်းမှု အရှိဆုံးမြို့ ဖြစ်မည်
အင်္ဂလန်နိုင်ငံ လန်ဒန် မြို့တော်ဝန်က နိုင်ငံတကာ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲတွင် သက္ကရာဇ် ၂၀၁၂ ခု အိုလံပစ် ပွဲတော် ကျင်းပချိန်တွင် လန်ဒန်မြို့သို့ ကမ္ဘာပေါ်တွင် အသန့်ရှင်းဆုံးနှင့် စိမ်းလန်း စိုပြည်ဆုံး မြို့တော် ဖြစ်လာမည်ဟု ထုတ်ဖော် ပြောကြားသည်။ ကမ္ဘာ့ မြို့တော်ပေါင်း ၄၀ ကျော်နှင့် မြူနီစပယ် အဖွဲ့အစည်းပေါင်း ၁၇ ခု တို့သည် ကမ္ဘာကြီး ပူနွေး လာမှုကို တွန်းလှန် တိုက်ဖျက်ရန် ရည်ရွယ်သည့် ထိပ်သီး ဆွေးနွေးပွဲ တစ်ခုကို ယခု အပတ် အတွင်း တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပ လျက်ရှိသည်။ ကမ္ဘာ့ မြို့တော် များသည် စုစုပေါင်း စွမ်းအင်၏ ၇၅% ကို အသုံးပြုပြီးလျှင် ဖန်လုံအိမ် ဓါတ်ငွေ့ ၈၀% ကို ပြန်လည် ထုတ်လွှတ် ကြသည်ဟု ၎င်းက ပြောကြားသည်။ ဤကမ္ဘာမြေ၏ ပြဿနာသည် မြို့ပြ တည်ထောင် ခြင်းနှင့် ဆိုင်၍ အလေး အနက်ထား ကြရန် ၎င်းက တိုက်တွန်းသည်။ လန်ဒန်မြို့တွင် ရှေးကျသော ဒီဇယ် လောင်စာသုံး ဘတ်စ် ကားပေါင်း ၈၃၀၀ နှင့် တက္ကဆီပေါင်း ၃၂၀၀၀ ရှိကြောင်း၊ မကြာမီ ကာလ အတွင်းတွင် လျှပ်စစ် အားသုံး ယာဉ်များ ပေါ်ပေါက် လာရေးကို အထူး ဦးစားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ စက်ဘီးများ ပိုမို သုံးစွဲရေး ကိုလည်း တိုက်တွန်း သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ (အေအက်ဖ်ပီ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment