မကြာသေးမီရက်များက နိုင်ငံစုံတပ်ဖွဲ့များ မောင်းသူမဲ့ လေယာဉ်များမှ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အာဖဂန်နိုင်ငံတွင် အရပ်သားများ သေကြေ ပျက်စီးရခြင်း နှင့် ပတ်သက်၍ နိုင်ငံတွင်းတွင် အမေရိကန်တပ်ဖွဲ့များ၏ လေကြောင်း တိုက်ခိုက်မှုများကို ချက်ချင်း ရပ်ဆိုင်းရန် သမ္မတ ကာဇိုင်း က တောင်းဆို လိုက်သည်။ ဖာရာပြည်နယ်တွင် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့သည်။ အမေရိ ကန်နိုင်ငံတွင် သမ္မတ အိုဘားမား ၊ မစ္စတာ ကာဇိုင်းနှင့် ပါကစ္စတန် သမ္မတ ဇာဒါရီတို့ ဗုဒ္ဓဟူးနေ့၌ အကြမ်းဖက်နှိမ်နှင်းရေးနှင့် ပတ်သက် ၍ ပြုလုပ်ရန်ရှိသော ထိပ်သီး စည်းဝေးပွဲကို အထက်ပါဖြစ်ရပ်က အရိပ်မဲ အုပ်မိုးလျှက်ရှိသည်။ လေကြောင်း တိုက်ခိုက်မှုသည် အကြမ်းဖက် နှိမ်နှင်းရေးတွင် ထိရောက်သော နည်းလမ်းမဟုတ် ဟုပြောဆိုကြသည်။အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက အပြစ်မဲ့ပြည်သူများ သေဆုံးရသည့် အတွက် များစွာဝမ်းနည်းကြောင်း၊ နောင်မဖြစ်ပွားရန် အထူးသတိထား ရှောင်ရှားရန်လိုကြောင်း ပြောကြားသည်။သတင်း-MMIC
No comments:
Post a Comment