Tuesday, May 12, 2009

တာလီဘန်တို့အား တိုက်ခိုက်ရာ တွင် ဓာတု လက်နက် သုံးခဲ့ ဟုဆို

အမေရိတန်စစ်လေယာဉ်ဗုံးကျဲနေစဉ်@TailspinT
အမေရိကန် စစ်ဘက် သည် အာဖဂန်နစ္စတန် နိုင်ငံ အတွင်းရှိ တာလီဘန် အကြမ်းဖက် သမားများကို တိုက်ခိုက်ရာ တွင် အဖြူရောင် မီးစုန်း ဓာတု လက်နက်များ အသုံးပြု ခဲ့ကြောင်း စွပ်စွဲမှုများ နှင့် ရင်ဆိုင် နေရသည်။ ထို လက်နက်များ ၏ ဒါဏ်ကို အာဖဂန် အရပ်သားများ ကလည်း မဆီမဆိုင် ခံစား နေရပြီး လက်နက် ထိမှန် သူတို့ ၏ အသားများ မှာ အရိုးထိ အောင် လှိုက်စား လောင်ကျွမ်း ခံရပြီး မချိမဆန့် နှင့် အသက် ဆုံးရှုံးသည် အထိ ဖြစ်နိုင် သဖြင့် နိုင်ငံတကာ တွင် ထို လက်နက်များ အသုံးမပြုရန် ပိတ်ပင် ထားသည်။ သို့သော်လည်း အာဖဂန် ဆရာဝန်များ က အမေရိကန် တို့၏ ဗုံးဒါဏ် ခံရသည့် လူနာများတွင် အဖြူရောင် မီးစုန်း နှင့် ထိတွေ့ ခဲ့သည် ဟု ယူဆ ရသော မီးလောင်ရာကြီးများ တွေ့မြင် နေရသည်ဟု စွပ်စွဲခဲ့သလို လွတ်လပ်သည့် အာဖဂန် လူ့ အခွင့်အရေး ကောင်စီ ကလည်း ထို ကိစ္စ အတွက် အသေအချာ စစ်ဆေးပေးရန် တောင်းဆို ခဲ့ သည်။ အာဖဂန် ဆရာဝန်များ က လူ (၁၄၇) ဦးမျှ အဖြူရောင်မီးစုန်း ဓာတု လက်နက်ကြောင့် သေဆုံး ခဲ့ကြောင်း စွပ်စွဲ ထားသော်လည်း အမေရိကန် က ကနဦး အနေ ဖြင့် ငြင်းပယ် ထား သည်။

ထို လက်နက် ကို အမေရိကန် က (၂၀၀၄) ခုနှစ် အီရတ် နိုင်ငံ ဖော်လူဂျာ စစ်ဆင်ရေး တွင်လည်းကောင်း၊ ပြီးခဲ့သည့် နှစ်ကုန်ပိုင်း က အစ္စရေး တပ်များ က ဟားမတ် တို့ အား ချေမှုန်းရာ တွင် လည်းကောင်း အသီးသီး အသုံးပြု ခဲ့သည်ဟု သတင်းများ က ဖော်ပြ ခဲ့ကြသည်။


သတင်း-http://www.peoplemediavoice.com

No comments: