အိုးပင်းအော့ဖ်ဖစ် ၃.၁ ကို ၂၀၀၉ ခုနှစ်၊ မေလ ၇ ရက်နေ့မှာ အများပြည်သူတို့ အသုံးပြုနိုင်ကြောင်း တရားဝင် ကြေညာလိုက်ရာ၊ လွတ် လပ် စွာ အခမဲ့သုံးနိုင်သော ကမ္ဘာ့နာမည်ကြီး ရုံးသုံးစရာအစုံအလင်ပါတဲ့ ကွန်ပျူတာဆော့ဖ်ဝဲတခုမှာ ဗမာစာ လက္ခဏာများ စတင်ပါဝင် လာပြီဖြစ်ပါတယ်။ ယခု ဆော့ဖ်ဝဲဟာ ကမ္ဘာ့ ပထမဦးဆုံး တရားဝင် ဗမာလိုကွန်ပျုတာ ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။
ဗမာစာဟာ မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကား တစ်ခုဖြစ်ပြီး၊ လူဦးရေ သန်း ၃၀ ကျော်ဟာ မိခင်ဘာသာ စကားအဖြစ်သုံးစွဲ ကြပါတယ်။ မြန်မာနိုင်ငံကို မှီတင်းနေ့ထိုင်သူတွေ နိုင်ငံရပ်ခြားကို ရေကြည်ရာ မြက်နုရာ ပြောင်းရွေ့လာကြတဲ့အခါ ဗမာစာဟာလဲ ကမ္ဘာ့နိုင်ငံအရပ်ရပ်ကို ပြန့်နှံ့လာပါတယ်။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံရပ်ခြားမှာ နေထိုင်သူ ကွန်ပျုတာ အသုံးပြုသူတွေဟာ အင်္ဂလိပ်စာ ကျွမ်းကျင်ကြသူတွပေါ။ အဲဒီတော့ “ဘာဖြစ်လို့ ဗမာလို လိုအပ်မှာလဲ …” ဆိုတဲ့ မေးခွန်းရှိပါတယ်။ ဗမာစာ လက္ခဏာတွေ ဆိုတာ ကွန်ပျုတာ မီနှူးတွေကို ဘာသာပြန်တာတစ်ခုထဲ မဟုတ်ပါဘူး။ ပြက္ခဒိန် က ရက်တွေ ကို ဗမာလို တွက်တာ၊ ဗမာနာမည်တွေကို အစီအစဉ်လုပ်တာ (Sorting in Burmese)၊ စာလုံးပေါင်းစစ်တာ စသည်ဖြင့် အများကြီးပါ။
ဗမာစာအကြောင်း ပြီးတော့ အိုးပင်းအော့ဖ်ဖစ် အကြောင်းပြောကြရအောင်။ အိုးပင်းအော့ဖ်ဖစ် ဆိုတာ လွတ်လပ်စွာ အခမဲ့သုံးနိုင်သော ကမ္ဘာ့နာမည်ကြီး ရုံးသုံးစရာအစုံအလင်ပါတဲ့ ကွန်ပျုတာ ဆော့ဖ်ဝဲ တစ်ခုပါ။ အဓိကပံ့ပိုးသူက Sun Microsystem ဖြစ်ပြီးတော့ အိုပင်းအော့ဖ်ဖစ် အဖွဲ့ဝင် တွေက ကူညီထုတ်လုပ်တာပါ။ ကမ္ဘာ့သုံး Open Source License ဖြစ်တဲ့ LGPL (GNU Lesser General Public License) နဲ့ ထုတ်လုပ်တော့ ကမ္ဘာ့ပေါ်မှာရှိတဲ့နိုင်ငံအားလုံးမှာ တရားဝင် အခမဲ့ သုံးနိုင်ပါတယ်။
အိုးပင်းအော့ဖ်ဖစ်မှာ ရုံးသုံးစရာတွေ ဖြစ်တဲ့ စာရေးစရာ (Writer)၊ စာရင်းဇယား ဆွဲဖို့ (Calc)၊ ဒေတာတွသေိမ်းဖို့ (Base)၊ တင်ဆက်ပြသဖို့ (Impress) နဲ့ အတူ ကိရိယာတွေ စုံလင်လှပါတယ်။
အခုတော့ တရားဝင်ထွက်လာပါပြီ။ ထွက်လာတော့လဲ အဆင်သင့်ပါ။ ဝင်းဒိုး (Windows) သုံးသူတွေအတွက်သာမက လင်းနစ် (Linux)၊ မက် (Mac) နဲ့ ဆိုလာရစ် (Solaris) အသုံးပြုသူတွေ အတွက်ပါ အသင့်ရှိနေပါပြီ။
အခုလို တရားဝင် မထွက်ခင် အစမ်းထုတ်ဝေတုန်းက စမ်းသပ်ပေးခဲ့ကြတဲ့ လူများကို လည်း ကျေးဇူးတင်ပါတယ်။ တရားဝင်ထွက်တယ်ဆိုပေမယ့် အခုမှ စ လုံးရေ စ ရတာပါ။ အမှားတွ ပေါ ခဲ့ရင်လဲ dev @ my.openoffice.org ကို သော်လည်းကောင်း wunnakoko @ openoffice.org ကို သော်လည်းကောင်း ပေးပို့ အကြောင်းကြားမယ်ဆိုရင် ကူညီရာ ရောက်ပါတယ်။ လုပ်စရာတွေက များတော့ ကွန်ပျုတာအကြောင်း နားမလည်လည်း ကူညီချင်သပဆိုရင် ကူညီနိုင်ပါတယ်။
သတင်း-http://dagon.burmabloggers.net
1 comment:
ခုလိုမနက်စောစော ဒီလိုသတင်းလေး ဖတ်လိုက်ရတာ မင်္ဂလာရှိပါတယ်ဗျာ.....
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို. အားလုံးအတွက် အဓိက အတားအဆီးတစ်ခုဖြစ်တဲ့ ဘာသာစကား ကို ကြောက်စရာမလိုဘဲ .... ကွန်ပြူတာကို လေ့လာလို. ရသွားတာပေါ့ ၊၊
မဟုတ်ရင် ဘာသာစကားကို လန်.တာတစ်မျိုး ၊ ကွန်ပြူတာ ဆိုတာကြီးကို ကြောက်တာတစ်မျိုး နဲ. မို. ခရီးမရောက်ပါဘူး ၊၊
ဆက်လက်စွမ်းဆောင်နိုင်ပါစေဗျာ....
Post a Comment