Tuesday, May 05, 2009

ပင်မဆဲလ်မှ မမျိုးဥထုတ်လုပ်မှုနည်းပညာအား တရုတ်သိပ္ပံပညာရှင်များ စမ်းသပ်ပြုလုပ်

သန္ဓေရရန် မဖြစ်နိုင်သော မမျိုးဥအိမ်အတွင်းမှ ပင်မဆဲလ်များကို ထုတ်ယူကာ သန္ဓေအောင်စေသည့် မျိုးဥများအဖြစ်သို့ ပြောင်းလဲပေးနိုင်သော နည်းပညာ သစ်အား တရုတ်သိပ္ပံပညာရှင်များက စမ်းသပ်ပြုလုပ်လျှက်ရှိပြီး ယင်းနည်း ပညာသည် ရင်သွေးရရှိရန် မဖြစ်နိုင်သော ဇနီးမောင်နှံများအတွက် အထောက် အကူဖြစ် စေမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မျိုးဥအောင်မြင်ပြီးပါကလည်း ကျန်းမာသော ရင်သွေးငယ်အား မွေးမြူနိုင်မည်ဖြစ်သည်ဟု သိရသည်။ ယင်းနည်းပညာသည် ဓာတုကုထုံးကြောင့် သန္ဓေသားအောင်မြင်ခွင့် ဆုံးရှုံး သွားသည့် ကင်ဆာရောဂါရှင် အမျိုးသမီးများနှင့် ငယ်ရွယ်စဉ်ကပင် ရာသီ သွေးဆုံးမှု ဖြစ်ပေါ်သော အမျိုးသမီးများအတွက် သန္ဓေသားယူခွင့် ရရှိစေမည့် နည်းတစ်ခုဖြစ်ကြောင်းလည်း သိပ္ပံ့ ပညာရှင်များက ပြောကြားခဲ့သည်။ စမ်းသပ်မှု အား ကြွက်များတွင် ပြုလုပ်ခဲ့ပြီး လူများတွင် စမ်းသပ်ရန် အဆင့်များစွာ ကျန်ရှိသေးကြောင်း သိပ္ပံပညာရှင်များက သတိပေးပြောကြားခဲ့သည်။ တရုတ် သိပ္ပံပညာရှင်များသည် ကြွက်မများ၏ မျိုးဥအိမ်အတွင်းမှ ပင်မဆဲလ်များကို ထုတ် ယူကာ ဓာတ်ခွဲခန်းအတွင်း ပြန်လည်ပြုစုပျိုးထောင်ပြီးနောက် ယင်းကြွက်များ၏ မမျိုးဥအိမ်အတွင်းသို့ ပြန်လည်ထိုးသွင်းကာ မျိုးဥများအဖြစ်သို့ ပြောင်းလဲစေပြီး မိတ်လိုက်သည့်အခါတွင် သန္ဓေတည်စေသည့် နည်း ပညာဖြစ်ကြောင်း Nature Cell Biology ဂျာနယ်တွင် ဖော်ပြထားသည်။

သုတေသနပညာရှင်များသည် ယခုအခါ မမျိုးဥအိမ်မှ ပင်မဆဲလ်ကို ထုတ်ယူကာ သန္ဓေအောင်နိုင်မည့် မျိုးဥများ ပြုလုပ်နိုင်ရန် ကြိုးပမ်းလျှက်ရှိကြသည်။ ရှန်ဟိုင်း ကျာတောင်း တက္ကသိုလ်မှ ဒေါက်တာကျီဝူးက ယခုစမ်းသပ်လျှက်ရှိသည့် နည်းပညာသည် ကင်ဆာရောဂါကုသမှု ခံယူခံရသည့် အမျိုးသမီးများ၊ သန္ဓေသားရယူရန် ကုသမှုခံယူနေသည့် အမျိုးသမီးများ၊ အချိန်မတိုင်မီ ရာသီသွေးဆုံးမှုဖြစ်ပေါ်သည့် အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်နိုင်ရန် အခွင့် ကောင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သီအိုရီအရ ပင်စည်ဆဲလ်များကို မျိုးဥအိမ်မှ ထုတ်ယူကာ ဓာတ်ခွဲခန်းအတွင်း ပြုစုပျိုးထောင်ပြီး လုံလောက်သည့် အချိန်အထိ အအေးခန်းတွင် ထားပေးရမည်ဖြစ်သည်။ ဗြိတိန် ပင်စည်ဆဲလ် သိပ္ပံပညာရှင်များက အဆိုပါတွေ့ရှိမှုအား ကြိုဆိုခဲ့သော်လည်း အခြား ဓာတ်ခွဲ ခန်းများတွင် ထပ်မံအတည်ပြုရန် လိုအပ်မည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

သတင်း-MMIC

No comments: