ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့စွန်ရှိတဲ့ တီကေလေးသိုးမွေးစက်ရုံက မြန်မာအလုပ်သမား ၂၀၀ ကျော်ဟာ လုပ်အားခအပြည့်အ၀ မရတာတွေ၊ ကျန်မားရေး စောင့်ရှောက်မှု ဖူလုံမှု မရှိတာတွေ သောက်ရေ၊ သုံးရေလုံလောက်စွာ မရတာတွေ လုပ်အားခ လစာ မရတာ ၂ လ နီးပါးရှိနေပြီဖြစ်တာ ကြောင့် အလုပ်ရှင်နဲ့ညှိနှိုင်းပေးဖို့အတွက် အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးမှာ ဆန္ဒပြခဲ့ကြပါ တယ်။ အလုပ်ရှင်က ၂၀ ရက်နေ့နောက်ဆုံးထားပြီး မတ်လ လစာကိုပေးမည့်အကြောင်းကတိပြုခဲ့ပြီး ၂၁ ရက်နေမှာတော့ ထိုင်းနိုင်ငံရဲ့ ဥပဒေအတိုင်း အနိမ့်ဆုံးလုပ်အားခကိုတော့ ပေးမပေးဆိုတာ ၂၁ ရက်နေ့မှဆွေးနွေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

အခုလို တီကေလေး သိုးမွှေးစက်ရုံက အလုပ်သမားတွေရဲ့ အခက်အခဲ နစ်နာချက်တွေကို တင်ပြ တောင်းဆိုမှုဟာ ပထမဆုံးအကြိမ် မဟုတ်ပါ၊ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့မှာ တောင်းဆိုချက် ၄ ချက်ပါ ၀င်တဲ့စာကို သွားတင်ခဲ့ပါတယ် ရုံးအရာရှိက လက်ခံလို့ စာကိုမတင်ဖြစ်ပဲ ပြန်ခဲ့ရပါတယ်။

ဧပြီ ၂၀ ရက်နေ့မှာ ဒုတိအကြိမ်အဖြစ် အလုပ်သမားကာကွယ်ရေးရုံးကို သွားရောက်တိုင်ကြား တဲ့အခါ မှာလည်း အရာရှိမရှိလို့ ပြန်ခဲ့ရပါတယ်။
တတိယအကြိမ်အဖြစ် ဧပြီ ၂၁ ရက်နေ့မှာ စက်ရုံမန်နေဂျာနဲ့ အလုပ်သမားသမား ကိုယ်စား လှယ် ၉ ဦး အလုပ်သမားကားကွယ်ရေးရုံးက အရာရှိနှင့် တွေ့ဆုံဆွေးနွေးဖြေရှင်းတဲ့အခါ မှာလည်း ပြဿနာပြေ လည်မှုမရရှိခဲ့ပါ။

အလုပ်သမားတွေဘက်က နစ်နာချက်တွေကို အေးဆေး ပြေလည်အောင် ဖြေရှင်းပေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် တာဝန်ရှိသူတွေက အရေးတယူလုပ်ဆောင်ပေးတာတွေ မရှိတာကြောင့် မေလ ၆ ရက်နေ့မှာ အလုပ်သမားတွေဟာ အခုလို စက်ရုံရှေ့ထွက်ပြီး ဆန္ဒပြတောင်းဆိုတဲ့ အဆင့်ထိရောက် လာရတာ ဖြစ်ပါတယ်။
သတင်း-SAW

No comments:
Post a Comment