Monday, September 21, 2009

ရမည်းသင်း ရွှေဆိုင် လုယက်မှု ပြစ်ဒဏ်ချမှတ်

ရမည်းသင်းမြို့မဈေးမှရွှေဆိုင်တစ်ဆိုင်လုယက်ရာမှပါဝင်သူတွေကို ရမည်းသင်းခရိုင်တရားရုံးက စက်တင်ဘာ ၄ ရက်နေ့မှာအမိန့်ချမှတ်လိုက်ပါတယ်။ညီညီနိုင်ပါ ၁၇ ဦးကိုအမိန့်ချမှတ်လိုက်တာပါ။ညီညီနိုင်ကိုပြစ်မှုပုဒ်မ ၃၉၂ အရအလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်၊ပုဒ်မ ၃၉၄ အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ ပြစ်မှုပုဒ်မ ၃၀၂(၁) (ဂ)အရ အပြစ်ရှိ၍ ပုဒ်မ ၃၆၈ (၁)အရ မသေမချင်းလည်ပင်းကြိုးကွင်းစွပ်သတ်ရန် အမိန့်ချမှတ်ကြောင်းသိရသည်။ အမှုမှာပါဝင်တဲ့ ကိုထွေးနဲ့မျိုးဝင်းဇော်တို့ကိုပုဒ်မ ၃၉၂ အရအလုပ်နှင့် ထောင်ဒဏ်၁၀နှစ်၊ ပုဒ်မ ၃၉၄ အရတစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ကြောင်း၊ ခိုင်ဇော်ဝင်းကို ပုဒ်မ၃၉၂/၃၉၄/၁၀၉ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ခြင်း မရှိ၍ အမှုမှ အပြီးအပြတ် လွှတ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။ ကျန်တရားခံများကိုလည်း ရမည်းသင်းခရိုင် တရားရုံးမှ အမိန့်အသီးသီး ချမှတ်ခဲ့သည်။ ၄င်းအမှုသည် မေလ ၆ ရက် ၂၀၀၉ ခုနှစ် ရမည်းသင်း မြို့မဈေးအတွင်း ရွှေဆိုင်တစ်ဆိုင်ကို ဆိုင်ကယ်စီးသေနတ်သမားသုံးဦးကဝင်ရောက်လုယက်ပြီးဆိုင်ကယ်ကယ်ရီမောင်းသူကိုသတ်ခဲ့တဲအမှုဖြစ်ကြောင်း ၂၀၀၉ ခုနှစ်စက်တင်ဘာ ၁၈ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

1 comment:

Anonymous said...

အဲလောက်ကြီးလုပ်စရာလားနော့

မရှိလို့ ဒမြလေး တစ်ခါတိုက်မိတာ