ရဟန်းသံဃာများအတွက် အဓိကရည်ရွယ် ထုတ်လုပ်ထားသည့် အိတ်ဆောင် တိပိဋက Pocket PC ကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ မန္တလေးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်မည့် ICT Expo 09 တွင်စတင် ရောင်းချမည်ဖြစ်ကြောင်း ယင်းကွန်ပျူတာကို ရောင်းချမည့် Alpha Computer မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမြတ်သူက ပြောကြားသည်။ ယင်းအိတ်ဆောင် တိပိဋက Pocket PC သည်အရွယ်အစား ၉၇x ၆၂x ၁၇မီလီမီတာရှိပြီး PC တွင် ဆဋ္ဌ သင်္ဂါယနာတင် ပါဠိတော်၊ အဋ္ဌကထာ ကျမ်းစာပေါင်း ၁၅၉အုပ်ကို ဆဋ္ဌမမမူ စာမျက်နှာများနှင့် တိုက်ဆိုင်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း၊ ဦးဟုတ်စိန်ပါဠိ- မြန်မာ အဘိဓာန်၊ အင်္ဂလိပ်မြန်မာ အဘိဓာန်တို့ ပါဝင်ကြောင်း နှင့် မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး၏ အခြေပြုပဋ္ဌာန်း တရားတော် အသံဖိုင် ၁၉ နာရီနှင့် အီလက်ထရွန်နစ် စာအုပ်ကို ဖတ်ရှုနိုင်သည့် Software များပါ စီစဉ်ထည့်သွင်းထားကြောင်း၊ ယင်း PC သည် အင်တာနက်နှင့် ချိတ်ဆက် အသုံးပြုနိုင်ကြောင်း မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဦးဟန်တင်ကဖြည့်စွက်ပြောကြားကြောင်း ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။Monday, September 21, 2009
အိတ်ဆောင် တိပိဋက PC ထုတ်လုပ်ဖြန့်ချိ
ရဟန်းသံဃာများအတွက် အဓိကရည်ရွယ် ထုတ်လုပ်ထားသည့် အိတ်ဆောင် တိပိဋက Pocket PC ကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ မန္တလေးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်မည့် ICT Expo 09 တွင်စတင် ရောင်းချမည်ဖြစ်ကြောင်း ယင်းကွန်ပျူတာကို ရောင်းချမည့် Alpha Computer မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမြတ်သူက ပြောကြားသည်။ ယင်းအိတ်ဆောင် တိပိဋက Pocket PC သည်အရွယ်အစား ၉၇x ၆၂x ၁၇မီလီမီတာရှိပြီး PC တွင် ဆဋ္ဌ သင်္ဂါယနာတင် ပါဠိတော်၊ အဋ္ဌကထာ ကျမ်းစာပေါင်း ၁၅၉အုပ်ကို ဆဋ္ဌမမမူ စာမျက်နှာများနှင့် တိုက်ဆိုင်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း၊ ဦးဟုတ်စိန်ပါဠိ- မြန်မာ အဘိဓာန်၊ အင်္ဂလိပ်မြန်မာ အဘိဓာန်တို့ ပါဝင်ကြောင်း နှင့် မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး၏ အခြေပြုပဋ္ဌာန်း တရားတော် အသံဖိုင် ၁၉ နာရီနှင့် အီလက်ထရွန်နစ် စာအုပ်ကို ဖတ်ရှုနိုင်သည့် Software များပါ စီစဉ်ထည့်သွင်းထားကြောင်း၊ ယင်း PC သည် အင်တာနက်နှင့် ချိတ်ဆက် အသုံးပြုနိုင်ကြောင်း မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဦးဟန်တင်ကဖြည့်စွက်ပြောကြားကြောင်း ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment