အောင်ဘာလေသိန်းထီကို အွန်လိုင်းမှထီထိုးခြင်း၊ ထီတိုက်ခြင်းများကို www.shwemyanmar lottery.com ၀က်ဘ်ဆိုက်တွင် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း ရွှေမြန်မာအောင်ဘာလေထီဆိုင်ကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ၀က်ဘ်ဆိုက်ကို ယခုလ ၁၀ရက်မှ စတင်အသုံးပြုနိုင်ပြီးလက်ရှိတွင် ထီထိုးခြင်းကို သာပြုလုပ်နိုင်မည်ဟု သိရသည်။ ရွှေမြန်မာထီဝက်ဘ်ဆိုက်တွင် ထီတိုက်ရ လွယ်ကူစေရန် အတွက် ဆော့ဖ်ဝဲ ထည့်သွင်း ထားကာ ထီလက်မှတ်၊ အကြိမ်၊ ထီနံပါတ် ရိုက်နှိပ်ရုံဖြင့်ထီဆုပေါက်မပေါက်၊ ထီပေါက် ပါကလည်း မည်သည့်ထီဆုပေါက်သည်ကို သိရှိနိုင်မည်ဖြစ်သည်။ထိုစနစ်ကိုလွန်ခဲ့သည့် ၂နှစ်နီးပါးခန့် ကစတင် တည်ထောင်ခဲ့ သော်လည်း ၀န်ဆောင်မှု အခက်အခဲများနှင့် ၀က်ဘ်ဆိုက်ချို့ ယွင်းမှုကြောင့်ရပ်နားခဲ့ပြီး ယခုအခါ ၀က်ဘ်ဆိုက်လိပ် စာအသစ်ဖြင့်ပြန်လည် ၀န်ဆောင်ပေးခြင်းဖြစ်သည်။ အွန်လိုင်းမှထီထိုးပါကမြို့တွင်း ၈ မြို့နယ်အတွင်း အိမ်အရောက် ပို့ဝန်ဆောင်မှုပေးပြီး ၀န်ဆောင်ခ အပါအ၀င် ထီတစ်စောင် ၂၂၀ ကျပ်သတ်မှတ်ထားသည်ဟု သိရသည်။ အွန်လိုင်းမှထီထိုးသူများသည် အနည်းဆုံးအက္ခရာ ၂၃ လုံးပါ အထူးမင်္ဂလာစုံတွဲ တစ်ကတ်ကံစမ်းရမည်ဖြစ်
ပြီး၊ နှစ်သက်ရာ နံပါတ် ရွေးချယ်ပြီးပါက ဖုန်းနံပါတ်နှင့် လိပ်စာကို ဖော်ပြရမည်ဖြစ်သည်။ လစဉ်လဆန်း ၅ ရက်မှ စတင်ပြီး အွန်လိုင်းမှ ကံစမ်းနိုင်မည်ဖြစ်ကာ လစဉ် ၂၇ ရက်တိုင်း အရောင်းပိတ်မည် ဖြစ်သည်။ စက်တင်ဘာလတွင် ရန်ကုန်မြို့နေသူ များသာ အင်တာနက်မှထီထိုးနိုင်ပြီဖြစ်သော်လည်း လာမည့်လများတွင်နယ်မြို့များမှပါဝယ်ယူနိုင်ရန် စီစဉ်သွားမည်ဟုဆိုကြောင်း ၂၀၀၉ခုနှစ်စက်တင်ဘာလ ၁၇ရက် နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။

2 comments:
I WANT BUY. BUT I HAVE STAY AT MALAYSIA.
Post a Comment