ရွှေဈေးကွက်တွင် ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းရွှေဈေးကွက် နှစ်မျိုးစလုံး ယခုတလောတွင် စံချိန်တင် မြင့်တက်သွားကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။
ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်ခြင်းမှာ အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းပြီး ဒေါ်လာ၏ခိုင်မာမှု အားနည်းလာခြင်းကြောင့် ရွှေများဝယ်ယူမှု ပိုများလာကာ ရွှေဈေးနှုန်း မြင့်တက်သွားခြင်းဖြစ်ကြောင်း နိုင်ငံတကာစီးပွားရေး အေဂျင်စီများတွင် ဖော်ပြထားသည်။ ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်ခြင်းမှာ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်ခြင်းကြောင့်ပင်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်များက တညီတညွတ်တည်း ပြောသည်။ ကမ္ဘာ့ရွှေဈေးနှုန်းမှာ ယနေ့(စက်တင်ဘာ ၁၈ရက်)တွင် တစ်အောင်စလျှင် ဒေါ်လာ၁၀၀၀ကျော်နေသည်သည်။ ယခုရက်ပိုင်း ရွှေဈေးနှုန်းမှာ ၂၀၀၈ခုနှစ် မတ်လ ၁၇ရက်နေ့တွင် အမြင့်ဆုံးမြင့်တက်ခဲ့သော တစ်အောင်စလျှင် ၁၀၃၃ဒေါ်လာဈေးကိုမမီသော်လည်း ၎င်းဈေးနှုန်းတက်ပြီးနောက်ပိုင်း ယခုတစ်ကြိမ်မှာ အမြင့်ဆုံးဖြစ်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
အကျယ်ဖတ်ရန်

No comments:
Post a Comment