နိုင်ငံရပ်ခြား ကျောင်းများသို့ တက်ရောက် လိုသောကျောင်းသား၊ ကျောင်းသူများ အတွက် အွန်လိုင်းမှ တစ်ဆင့် ကျောင်းလျှောက်ထားခြင်းကို ကုန်ကျ စရိတ် အနည်းဆုံးဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း Scholarship Education Magazine မှထုတ်ဝေသူ မန်နေဂျင်း အယ်ဒီတာဒေါ်ပို့ပို့အောင်က ပြောကြား သည်။ “ကုန်ကျစရိတ် အနည်းငယ်ရှိ ပေမယ့် ၀န်ဆောင်ခက အခမဲ့ပါ” ဟု ဆိုသည်။ထို့ပြင် နိုင်ငံတကာကျောင်းများအကြောင်း သိလိုသမျှကိုလည်း တစ်ပတ်အတွင်း ပြန်လည်ဖြေကြားဆွေးနွေးပေးမည်ဖြစ်၍ အီးမေးလ် သို့မဟုတ် ဖုန်းမှတစ်ဆင့်
ဆက်သွယ် မေးမြန်းနိုင်ကြောင်းသိရသည်။ ၂၀၀၇ခုနှစ်မှ စတင်၍ သုံးလတစ်ကြိမ် ထုတ်ဝေခဲ့သော Scholarship Magazine ကို ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီမှ စတင်ပြီး လစဉ်ထုတ်မဂ္ဂဇင်းအဖြစ် ထုတ်ဝေခဲ့ ကြောင်း၊ လစဉ်ထုတ် မဂ္ဂဇင်းတစ် စောင်ဖြစ်လာသည့် Scholarship Magaine တွင် ပညာရေးနှင့် ပတ်သက်သည့် latest သတင်းများ၊ ချေးငွေ၊ ကျောင်းလျှောက်ထားရမည့် လုပ်ငန်းစဉ်များ၊ ကုန်ကျစရိတ်များ၊ scholarship program များ၊ အွန်လိုင်းမှ တက်နိုင်သည့် ကျောင်းများ အပြင် အလုပ်အကိုင်အခွင့်အလမ်းနှင့် သက်ဆိုင်သည့် သတင်းများ၊ ဗီဇာသတင်းများနှင့် applicaton essay နှင့် form များကို အချိန်နှင့် တစ်ပြေးညီ ဖော်ပြပေးမည်ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်ကဆိုသည်။
No comments:
Post a Comment