Thursday, September 17, 2009

ရန်ကုန် မော်တော် ဆိုင်ကယ်ဈေး သိန်းချီ ကျဆင်း


ရန်ကုန်မြို့တော်အတွင်း ဆိုင်ကယ်များ စီးနင်းခွင့် မပြုတော့ကြောင်း ၂၀၀၉ခုနှစ်၊ ဇူလိုင်အတွင်း စည်းကမ်း ချက် ထပ်မံ ထုတ်ပြန်လိုက်သဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များ ကျပ်သိန်းနှင့်ချီ၍ ဈေးကျ သွားခဲ့ ကြောင်း ဒလမြို့နယ်မှ ဆိုင်ကယ်ပိုင်ရှင် တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံထုတ် ကင်ဘို၊လော် ဂျာ ၁၁၀၊ ငင၊ ၁၂၅၊ ငင အမျိုးအစား များမှာ လိုင်စင်အပါအ၀င် ကျပ် ၁၅ သိန်း၊ ကျပ် ၁၈ သိန်းဝန်းကျင်ရှိခဲ့ရာမှ ယခုအခါတွင် ကျပ် ၁၀သိန်း၊ ၁၂ သိန်း ၀န်းကျင်သာ ဈေးရှိတော့ကြောင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံထုတ် ကင်ဘို^ လော်ဂျာ- ၁၁၀၊ ငင၊ ၁၂၅၊ ငင အမျိုး အစားများမှာလည်း လိုင်စင်အပါအ၀င် ကျပ် ရှစ်သိန်း ကိုးသိန်း ကျပ်ဝန်းကျင်ရှိ ရာမှယခုအခါတွင်ကျပ်လေးသိန်း၊ ကျပ် ငါးသိန်းဝန်းကျင်သာ ရှိတော့ကြောင်း၊ ရန်ကုန်မြို့တော်အတွင်းရှိ ဆိုင်ကယ် အများစုမှာ မြို့ပြင် ဒေသများဖြစ်သည့် သန်လျင်၊ ကျောက် တန်း၊ ဒလ၊ မှော်ဘီ စသည့် ဒေသများသို့ ရောက်သွားခြင်းဖြစ် ကြောင်း၊ ဆိုင်ကယ် မစီးရဟု စည်းကမ်း ချက်ထုတ် ပြီးနောက် ပိုင်းတွင်ပိုင်ရှင်အများ စုမှာ မိမိတို့ပိုင် ဆိုင် ကယ်များကို ရသည့် ဈေးနှုန်းများဖြင့် ပြန် လည် ရောင်းချရခြင်း ဖြစ်ပြီး ၀ယ်သူဝယ် လက်များကလည်း စည်းကမ်းချက်များ ကို အခွင့်ကောင်းယူ ၍ ဈေးနှိမ်ဝယ်ယူ ကြခြင်းများကြောင့် ထိုသို့ဈေးနှုန်းများ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ရန်ကုန်မြို့တော်အတွင်း ယာဉ် အန္တရာယ်ကင်းရှင်းရန် ဆိုင်ကယ်မစီးရန် တားမြစ်ချက် ယခင်ကရှိခဲ့သော်လည်း ၂၀၀၇ခုနှစ် နောက်ပိုင်းတွင် စည်းကမ်း ပိုမိုတင်းကျပ်ခဲ့ပြီး သတ်မှတ်စည်းကမ်း မလိုက်နာပါက ပထမအကြိမ်တွင် ဒဏ်ငွေ၊ ဒုတိယအကြိမ်တွင် ဆိုင်ကယ် သိမ်းဆည်းသည်အထိအရေးယူဆောင် ရွက်ကြောင်း၊ ၂၀၀၉ခုနှစ်၊ ဇူလိုင်တွင် အရေးကြီးစာပို့လုပ်ငန်းများနှင့် သက် ဆိုင်ရာဝန်ထမ်းများကိုသာ စီးနင်းခွင့်ပြု ခြင်းဖြစ်ပြီးထိုသို့စီးနင်းရာတွင် သတ် မှတ်ထားသောအရောင်၊အမှတ်အသား တံဆိပ်တို့ဖြင့် စနစ်တကျဆောင်ရွက် ထားကြောင်း၊ ရန်ကုန်မြို့ တော်တစ်ခု တည်း၌ပင် ဆိုင်ကယ်မတော်တဆမှု အကြိမ် ၃၀၊ ၄၀ ၀န်းကျင်ဖြစ်ပွားခဲ့ပြီး သေဆုံးမှုအချို့လည်း ရှိခဲ့ကြောင်း ရန်ကုန်တိုင်းယာဉ်စည်းကမ်း ထိန်းသိမ်း ရေးကြီးကြပ်မှုကော်မတီ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

No comments: