ရန်ကုန်မြို့၊ စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ နေ့စဉ် အသုံးပြုနေကြသော နာမည်ကြီး သုဿန်နှစ်ခုအနက် ထိန်ပင်သုဿန်ထက် ရေဝေးသုဿန်ကို လူကြိုက်များကြောင်း သိရှိရသည်။ သည့်အတွက် ရန်ကုန်မြို့ပေါ်ရှိ မသာရှင် နှစ်ဦးကို လျှပ်တစ်ပြက်မှ ဆက်သွယ် မေးမြန်းရာ ရေဝေးက နီးတာကိုး၊ ကိုယ့်ကားနဲ့ကိုယ် သွားရင် သိပ်မကြာဘူးလေ။ ပြီးတော့ ရေဝေးကျတော့ မသာတွေက များတယ်။ တစ်လောင်းပြီး တစ်လောင်း ဆိုတော့ အချိန်ကလည်း များများမရဘူး။ မသာတွေ အလောင်းထုတ်ပေးတာ ကိုတောင် အချိန်အများကြီး စောထုတ်မပေးထားဘူး။ ရေဝေးမသာတွေက ပို့တဲ့သူ များရင် ကိုယ်တွေက မသာရှင်ကို လိုက်ရှာပြီး မျက်နှာပြလိုက်ရင် တာဝန်ကျေပြီလေ။ ကိုယ်တိုင်မသာရှင်နဲ့ အတူ ဝိုင်းငို ပေးဖို့မှ မလိုအပ်တာ။ ပြီးတော့ ရေဝေးမှာချတဲ့ မသာတွေက မီးရှို့တာ များတယ်။ သိပ်ပြီး အချိန်မပေးရဘူး။

ဇာတ်လမ်းရှည်လို့ မရဘူး။ ထိန်ပင်ကျတော့ သွားရတာကိုက တမျှော်တခေါ်ကြီး။ လမ်းကလည်း မကောင်းတော့ ကားမကောင်းရင် ဒုက္ခရောက်တယ်၊ လမ်းမကောင်းတော့ ကားလည်း နာတယ်။ ထိန်ပင်ကျတော့ လူကြိုက်နည်းတော့ မသာကလည်း မများဘူး။ မသာရှင်ကိုယ်တိုင်က နောက်ကျမှ ရောက်လာရင် အသုဘ ပို့မဲ့သူတွေက ရွာလည်ကုန်တယ်။ မသာလည်း ရှင်းတော့ စိန်ပြေနပြေ ငိုချင်းချနေတဲ့ မသာရှင်တွေနဲ့ တွေ့ရင် ပိုအချိန်ကြာတတ်တယ်။ ဟိုတုန်းက ထိန်ပင်သုဿန်ကို မြစ်ကူး၊ ချောင်းကူးမို့ မသာရှင်တွေက မကြိုက်ဘူးလို့ ဆိုကြပေမယ့် ရေဝေးသုဿန်မပေါ်ခင် ထိန်ပင်သုဿန်လည်း မသာတစ်ခေတ်ဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ ထိန်ပင်သုဿန်ကို လူကြိုက်နည်းသွားပြီ။ ဒါ့ကြောင့် ထိန်ပင်မှာ အသုဘချမယ်ဆိုရင် လိုက်ပို့ရမယ့်သူတွေက တွန့်ကုန်ကြတယ်ဟု သူ၏အမြင်ကို လျှပ်တစ်ပြက်သို့ သုံးသပ်ပြောကြားခဲ့သည်

No comments:
Post a Comment