စက်တင်ဘာလ (၁၂)ရက်နေ့က ကမ္ဘာကျော် ဟောလီးဝုဒ် မင်းသမီး အန်ဂျလီနာဂျိုလီဟာ ကင်ညာနိုင်ငံမှာရှိတဲ့ ဆိုမာလီလူမျိုး ဒုက္ခသည်စခန်းကို ရောက်လာခဲ့ပါတယ်။ အသက်(၃၄)နှစ် ရှိနေပြီဖြစ်တဲ့ အော်စကာဆုရှင် မင်းသမီးဟာ အာဖရိကကို ရောက်နေတုန်း ဆိုမာလီနဲ့ ကင်ညာနယ်စပ်က ဒါဒက်ဘ်ဒုက္ခသည်စခန်းကို ရောက်လာခဲ့တာပါ။
အဲဒီစခန်းဟာ စပြီးတည်တုန်းက လူ(၉၀၀၀၀)ကျော်အတွက် ရည်ရွယ်ထားပေမယ့် ခုဆိုရင် ဆိုမာလီ ဒုက္ခသည် (၂၈၅၀၀၀)ျေက်ာအထိ လက်ခံထားပါတယ်။ အဲဒီဒုက္ခသည်တွေဟာ သူတို့ရဲ့ မွေးရပ်မြေကိုစွန့်ပြီး ကင်ညာတောင်ပိုင်းထိ ထွက်ပြေးလာခဲ့သူတွေ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အဆင့်မြင့်ကော်မရှင်၊ ဒုက္ခသည် အေဂျင်စီရဲ့ သံတမန်ရာထူးကို (၂၀၀၁)ခုနှစ်ကတည်းက လက်ခံထားတဲ့ ဂျိုလီဟာ ခုလိုမျိုး ဒုက္ခသည်စခန်းတွေကို မကြာခဏ သွားလေ့ရှိပြီး ဒုက္ခသည်တွေကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးတတ်တဲ့သူပါ။ ဂျိုလီဟာ ဒီရာထူးကို လက်ခံပြီးနောက်ပိုင်း ဘော်လ်ကန်၊ ဆီရာလီယွန်၊ နမီးဘီးယား၊ တန်ဇန်းနီးယား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ပါကစ္စတန်နဲ့ အီကွေဒေါက ဒုက္ခသည် စခန်းတွေဆီ အရောက်သွားပြီးခဲ့ပါပြီ။ “သူတို့ရဲ့ နေထိုင်ရတဲ့ဘ၀တွေကို မြင်တော့မှ ကျွန်မတို့ဟာ အရမ်းကောင်းတဲ့ လူ့ဘ၀ကို ဖြတ်သန်းနေရမှန်း နားလည်မိပါတယ်။ သူတို့ဟာ အခက်အခဲတွေ အများကြီးကြားမှာ ရုန်းကန်နေရပေမယ့် စိတ်ဓာတ်မကျကြဘူး။ ဒါဟာ လူသားစွမ်းရည်ရဲ့ အမြင့်ဆုံး အင်အားကို ပြနေတာပါပဲ။

No comments:
Post a Comment