Thursday, September 17, 2009

ကမ္ဘာ့ပထမဆုံး Bamboo Netbook ပြည်တွင်း၌၀ယ်ယူနိုင်





မ္ဘာ့ပထမဆုံးဝါးဖြင့်ပြုလုပ်ထားသော “EcoBook” အမည်ရှိ ASUS Bamboo Notebook အမျိုးအစားများ မြန်မာနိုင်ငံဈေးကွက်သို့ မကြာမီကာလအတွင်း ၀င်ရောက်လာတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Bamboo Notebook များအနေဖြင့် ASUSTeK Computer Inc. မှ ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်းက စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ပါ ယခုနှစ်အတွင်းတင်သွင်းသွားမည်ဖြစ်ကြောင်း ASUS ၏ မြန်မာနိုင်ငံတစ်ဦးတည်းဖြန့်ချိခွင့်တရားဝင်ကိုယ်စားလှယ် Golden Power Technology မှသိရသည်။

“ဒီဇိုင်းပိုင်းမှာ ပစ္စည်းအသစ်အဆန်းတွေအသုံးပြုနေတဲ့အချိန်မှာ ASUS အနေနဲ့လည်း Bamboo Series Notebook တွေရဲ့အပြင်ဘက်ကို အရင်သုံးနေကျပလပ်စတစ်အား Moso ၀ါးအမျိုးအစားကိုသုံးထားတယ်လို့ သိရပါတယ်။ ဒီ Notebook မှာပါတဲ့ စွမ်းအင်ဆိုင်ရာနည်းပညာတွေက စွမ်းအင်ကိုချွေတာစေပြီး ဘက်ထရီကို ခဏခဏအားသွင်းစရာမလိုဘဲ ကြာရှည်သုံးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဒီ Bamboo Notebook Series တွေကို ပြည်တွင်းဈေးကွက်ထဲသို့ လာမယ့်အောက်တိုဘာလကုန်လောက်မှာ စတင် တင်သွင်းသွားဖို့ရှိပါတယ်” ဟု Golden Power Technolgy မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်တွင်းဈေးကွက်သို့ စတင် တင်သွင်းမည့် Bamboo Notebook အမျိုးအစားမှာ ASUS U6V Bamboo ဖြစ်ပြီး အမြန်နှုန်း 2.53 GHz ရှိ Intel Core 2 Duo Processor တပ်ဆင်ပါရှိမည်ဖြစ်ကြောင်း သိရသည်။ ၎င်း Notebook တွင် Memory DDRII 4GB, Nvidia GeForce 9300 M GS Graphic Card နှင့် Hard Disk SATA 320 GB ပါဝင်လာမည်ဖြစ်ပြီး Display 12.1" WXGA ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပါဝင်သည့်အစိတ်အပိုင်းများအနေဖြင့် အချိန်အခါပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်မည်ဖြစ်ရာ ပြည်တွင်းဈေးကွက်နှင့်သင့်တော်သောပစ္စည်းများကို မှာယူတင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

No comments: