မိုဘိုင်းဖုန်းသုံးစွဲသူများသည် မိမိတို့၏ဖုန်းများ အဆောက်အဦအတွင်းသို့ရောက်နေလျင် သို့မဟုတ် လိုင်းမမိနိုင်သောနေရာများတွင် အဆင်ပြေစေရန်အတွက် ယင်းမိုဘိုင်းဖုန်း Repeater ကိရိယာများကို ပိုမိုတတ်ဆင်သုံးစွဲလာကြ ကြောင်း သိရသည်။ မိုဘိုင်းဖုန်း Repeater များသည် ဟန်းဆက်များ၏ဘေးတွင် တပ်ဆင်အသုံးပြုသူများရှိသလို အဆောက်အဦးများအတွင်းတွင်တပ်ဆင်၍လည်း အသုံးပြုကြပြီး လိုင်းအားကောင်းအောင်ပြုလုပ်ကြကြောင်း သိရသည်။ ဈေးကွက်အတွင်းတွင် GSM လိုင်းကို ပိုမိုမိအောင်လုပ်ပေးနိင်သော စက်ပစ္စည်းများရှိသလို CDMA လိုင်းများကိုလည်း ပိုမိုမိနိုင်အောင်လုပ်ပေးနိုင်သော စက်ပစ္စည်းများရှိသည်။ အများစုမှာ အဆောက်အဦများတွင်း တပ်ဆင်အသုံးပြုသည့်စက်များကိုသာ အများဆုံးအသုံးပြုပြီး ဟန်းဆက်ဘေးတွင်တပ်သုံးသော ကိရိယာငယ်များကို အသုံးပြုမှုနည်းသွားကြောင်းသိရသည်။
“မိုဘိုင်းဖုန်းလိုင်းပိုမိချင်လို့ အချို့အဆောက်အဦးတွေမှာ Repeater တွေကို တပ်ဆင်ကြတယ်။ လိုင်းပိုမိတာရှိပေမယ့် အချို့စက်တွေက လိုင်းရှုပ်ထွေးမှုကိုဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့်လိုင်းလုံးဝမမိနိုင်တဲ့ အဆောက်အဦးတွေ တပ်ဆင်ရင်တော့ အဆင်ပြေစေနိုင်ပါတယ်။ မိုဘိုင်းဖုန်းတွေ စတင်အသုံးပြုတုန်းက အဲဒီ Repeater စက်တွေကို သုံးခဲ့ကြဖူးပါတယ်။ အခုနောက်ပိုင်းပြန်ပြီး အသုံးပြုမှုများလာတာပါ။ ဈေးကွက်ထဲမှာ စက်မျိုးစုံရှိတယ်။ GSM အတွက် ကော CDMA အတွက်ပါ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ တစ်သောင်းကျော်မှ တစ်သိန်းနီးပါးအထိရှိပါတယ်”ဟု မိုဘိုင်းဆားဗစ်သမားတစ်ဦးမှရှင်းပြသည်။
“ကျွန်တော်တို့တိုက်တွေမှာက အောက်ဆုံးထပ်တွေ ဖုန်းလိုင်းမမိပါဘူး။ ဒါကြောင့် တိုက်မှာလိုင်းအားကောင်းအောင် Repeater စက်တပ်ရပါတယ်။ လိုင်းအားအရမ်းကြီးမကောင်းတောင် လိုင်းမိလောက်တဲ့အနေအထားရနိုင်တာကြောင့် တပ်ဖြစ်တယ်။ လိုင်းရှုပ်နိုင်မလားတော့ မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အတွက်ကတော့ အဆင်ပြေနေပါတယ်” မိုဘိုင်းဖုန်းအသုံးပြုသူလူငယ်တစ်ဦးမှ ရှင်းပြသည်။
မိုဘိုင်း Repeater စက်ငယ်များကို ဟန်းဆက်အရောင်းဆိုင်များနှင့် ယုဇနပါလာဇာရှိ အချို့ဖုန်းအရောင်းဆိုင်များတွင် ရရှိနိုင်သည်။ ဟန်းဆက်ဘေးတွင် တပ်ဆင်အသုံးပြုသောစက်ငယ်များမှာ ဈေးကွက်တွင်းရှားပါးပြီး လူတို့၏ ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်းလည်း သိရသည်။
်

No comments:
Post a Comment