၂၀၀၉ ခုနှစ်အတွက် ဓါတုဗေဒဆိုင်ရာ နိုဗယ်ဆုကို အင်္ဂလန်နိုင်ငံ ကမ်းဘရော့ခ်ျ ဆေးဝါးသုတေသနဌာနမှ ပါမောက္ခ ရာမာခရစ်ချနန်၊ အမေရိကန်နိုင်ငံရေးလ်တက္ကသိုလ်မှ မစ္စတာ သောမစ်စတိစ်နှင့် အစ္စရေးနိုင်ငံ ၀ိုက်စမန်းသိပ္ပံဌာနမှ အေဒါရိုးနပ် တို့က ဆွတ်ခူးရရှိခဲ့သည်။ ၎င်းတို့သုံးဦးသည် ကလပ်စည်းအတွင်းရှိ ပရိုတင်းထုတ်လုပ်သော Ribosome ၏ဖွဲ့စည်းတည်ဆောက်ပုံနှင့် လှုပ်ရှားဆောင်ရွက်ပုံတို့ကို အသေးစိတ် ဖော်ထုတ်နိုင်ခဲ့ကြသည်။ တော်ဝင်ဓါတုဗေဒအသင်း၏ ဥက္ကဌဖြစ်သူ ပါမောက္ခဒေးဗစ်ဂါနယ်က ၎င်းတို့သုံးဦးသည် ကြီးကျယ်ပြောင်မြောက်သော သိပ္ပံပညာရှင်များဖြစ်ကြသည်ဟု ထုတ်ဖော်ချီးမွမ်းသည်။ (ဘီဘီစီ)
No comments:
Post a Comment