Friday, October 09, 2009

ပြင်သစ်စစ်သင်္ဘောအားပင်လယ်ဓါးပြများမှားယွင်းတိုက်ခိုက်


ဆိုမာလီ ဓါးပြများသည် ပြင်သစ်ရေတပ် စစ်သဘော်တစ်စင်းအား ကုန်တင်သင်္ဘောအမှတ်ဖြင့် မှားယွင်း ပြန်ပေးဆွဲ တိုက်ခိုက်ခဲ့ကြသည်။ ပင်လယ် ဓါးပြများသည် ဆိုမာလီ ကမ်းလွန်ပင်လယ်မှ ကီလိုမီတာ ၅၀၀ ခန့်အကွာတွင် ပြင်သစ် ရေတပ်သင်္ဘော Somme အား တစ်ယောက်စီး လှေငယ်များဖြင့် ချဉ်းကပ် တိုက်ခိုက်
ခဲ့ခြင်း ဖြစ်ပြီး စစ်သင်္ဘောက ပြန်လည် ခုခံပစ်ခတ်၍ ဓါးပြများနောက်သို့ ထပ်ကြပ်မကွာ လိုက်လံ ဖမ်းဆီးခဲ့ကြသည်။ ပင်လယ် ဓါးပြငါးဦးကို လက်ရ ဖမ်းဆီးရမိခဲ့ကြောင်း ပြင်သစ်ရေတပ် ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုသည်။ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသော ဆိုမာလီ ရေပြင်တွင် ပင်လယ်ဓါးပြမှုများ နှိမ်နှင်းရေးအတွက်နိုင်ငံတကာမှ စစ်သင်္ဘော ဒါဇင်ချီ ကင်းလှည့် စောင့်ကြပ်နေကြသည်။ (ဘီဘီစီ)

No comments: