Thursday, October 08, 2009

နောက်ဆုံးပေါ် ကုန်းနှင့်ရေတွင် မောင်းနှင်နိုင်သောကား


နောက်ဆုံး တီထွင်လိုက်တဲ့ ကုန်းပေါ်နှင့် ရေပေါ်မှာ မောင်းနှင့်နိုင်တဲ့ကားတစ်စီးဖြစ်ပါတယ်။ အရင်ရှိခဲ့တဲ့ ကုန်နှင့်ရေ မောင်းနှင်နိုင်တဲ့ ကားများထက် ပိုပြီးတော့လည်းမြန်ပါတယ်။ နာမည်ကတော့ Python ဖြစ်ပြီး အလေးချိန်ကတော့ ၁၇၂၅ ကီလိုဂရမ်ရှိပါတယ်။ Python ကားဟာ ရေထဲမှာ တနာရီမိုင် ၆ဝ နှုန်းမောင်းနှင်နိုင်ပြီ ကုန်းပေါ်မှာတော့ တစ်နာရီ မိုင် ၁ဝဝ နှုန်းမောင်းနှင်နိုင်ပါတယ်။ ထိုကားကိုပြုလုပ်တီထွင်သူကတော့ Python ကားဟာ ၄.၅ စက္ကန့်အတွင်းမှာတွင် သုည မှ ၆ဝ

မိုင်းနှုန်းကို အရှိန်မြှင့်တင်နိုင်ပါတယ်လို့ ပြောခဲ့ပါတယ်။ ထိုကားဟာ စပိဘုတ် (speedboat)တော်တော်များများထက်လည်းပိုပြီးမြန်ပါတယ်။ မောင်းနှင်သူဟာ ကုန်းလမ်းပေါ်မှာရေထဲသို့ ဆင်းမောင်းတော့မည်ဆိုလျှင် ခလုပ်တစ်ခုကို သာနှိပ်ခြင်းအားဖြင့် ဘီးများဟာ အပေါ်ကို အလိုအလျှောက်မြင့်တက်သွားမှာဖြစ်ပါတယ်။ တန်ဖိုးငွေကတော့ စတာလင်ပေါင် ၁၃၇ဝဝဝ ဘဲဖြစ်ပါတယ်။

No comments: